ယထာ အာရောဂျ ၊ ယောဗ္ဗနံ ဗျာဓိ ဇရာ ပရောသိတံ ။ ဧ၀ံ ဟိ ဇိဝိတံ သဗ္ဗံ ၊ မရဏပ္ပရိယောသိတံ ။

Monday 31 October 2011

Audio Editor Master V5.4.1.238

            
 
    ဒီနေ့တော့ အလုပ်ပိတ်ရက်လေးလဲ ဖြစ်ပြန် ၊ ကွန်နက်ရှင်ကလဲ မျက်နှာသာ နဲနဲပေးတော့
ကြိုးစားပြီး တင်ပေးလိုက်ပါတယ်ဗျာ။ ဒါလေးကတော့ သီချင်းတွေကို ကြိုက်တဲ့ပုံစံ ၊ ကြိုက်တဲ့အသံ
အနေအထား ၊ ကြိုက်တဲ့ Tempo တွေပြောင်းမယ်ဗျာ။ တခြား Effect တွေလဲအများကြီးရှိပါသေးတယ်။
စိတ်ကြိုက်ပြင်ပြီးရင် CD ခွေပါ တစ်ခါထဲ ဘမ်းချင် ဘမ်းလိုက်ဦး။ မဘမ်းချင်လို့ စက်ထဲမှာပဲ save ပြီး
ပြန်နားထောင်ချင်တယ် ဆိုရင်လဲ OK ပဲ။ ဖိုင်ဆိုဒ်ကလဲ 13.27 MBပဲရှိပါတယ်။ ပေါ့ပေါ့လေးနဲ့ သုံးရတာ
အရမ်းအဆင်ပြေပါတယ်။ အသုံးပြုရတာလဲ လွယ်ပါတယ်။ အသုံးလိုတယ် ၊ ကြိုက်တယ်ဆိုရင်တော့
အောက်မှာယူသွားလိုက်ပါ။ ဒါပေမဲ့ မြန်မာစာလုံးတွေကို လုံးဝ support မလုပ်ပါဘူး။ ကိုယ်ယူလိုက်
တဲ့သီချင်း (သို့) ဖိုင်မှာ မြန်မာစာလုံးပါရင် ယူလို့မရပါဘူး။ မြန်မာစာလုံးကို အင်္ဂလိပ်လို့ပြောင်းပြီးယူ
မှအဆင်ပြေပါလိမ့်မယ်။ အဆင်မပြေတာ တစ်ခုခုရှိခဲ့ရင် c.box မှာအော်သွားပေးကြပါဦးနော်။
အားလုံးပဲ ပျော်ရွင်ကြပါစေ...ဗျာ။


 


မူရင်း။ ။ လုလင်မောင်

cFosSpeed 6.61 Build 1895 Beta Multilingual

ဒီကောင်လေးကတော့ ကျွန်တော်အရင်ကလည်း တင်ပေးခဲ့ပြီးပါပြီ။ အခုကတော့ နောက်ထွက်လာတဲ့ Update လေးပါ။ ကျွန် တော်တို့ Internet Speed နဲ့ Web Browsers တွေကို ဖွင့်ရတဲ့ Speed လေးတွေမြန်ဆန်လာအောင် ဒီကောင် လေးက အထောက်အကူပြုပါလိမ့်မယ်။ ကျွန်တော်တို့ Beta Version လေးဖြစ်တဲ့ အတွက် ကီးထည့် ပေးစရာမလိုပါဘူး။ နောက်ကိုလည်း ကျွန်တော် Connection မြန်အောင် အထောက် အကူပြုပေး နိုင်တဲ့ Software လေးတွေရလာတာနဲ့ တင်တင်ပေးသွားပါ့မယ်။အသေးစိတ်သိလိုရင်   တော့ သူ့ရဲ့   HomePage   လေးမှာ လေ့လာ ကြည့်လိုက်ပါဗျာ။အသေးစိတ်ကိုလည်း အထဲမှာကျွန်တော်ထပ်ထည့်ပေးထားပါတယ်။

Hard Disk ကို Partation ခွဲကြရအောင်


ကျွန်တော် ဆရာတော် အရှင်အိန္ဓက မေးထားတာလေး ရှိတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ .. ကျွန်တော် အရင်ကလည်း  EASEUS.Partition.Master.v7.1.1  ကိုအသုံးပြုပြီး Partation ခွဲနည်းကို ဗီဒီယို ဖိုင်လေးတွေနဲ့ တင်ပေးခဲ့ဖူးပါတယ် .. အခုတော့ ကျွန်တော် HarDisk တစ်လုံးကို Partation ဘယ်လိုခွဲ လို့ရမလည်း ဘယ်လိုနည်းလမ်းနဲ့ ဆိုရင် အဆင်ပြေမလည်း Hard Disk တစ်လုံးကို Format ပြန်ချပြီး Partation အသစ်ဘယ်လို ပြန်ခွဲမလည်း ဆိုတာကို ကျွန်တော် ရေးပေးသွားပါမယ် .. ကျွန်တော် အခုရေးပေး သွားမယ့် နည်းလမ်းလေးကတော့ လက်ရှိ ကျွန်တော် ကိုယ်တိုင် အသုံးပြုနေတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် .. 

Saturday 29 October 2011

Corel VideoStudio Pro X4 v14.0.0.342 + Video Tutorials

 Corel- VideoStudio- Pro X4 ဟာဆိုရင် ကျွန်တော်တို့ Video ပြုလုပ်မှုကို အကောင်းဆုံး ၊ အလျင်မြန်ဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အာင်ပြုလုပ်ပေးထားပါတယ်။ သူ့အတွက် အကောင်းဆုံးပြုလုပ်ပေးနိုင်မယ့် စိတ်ဝင်စားစရာကောင်းတဲ့ Effects လေးတွေပြုလုပ်ပုံတွေကို အထဲမှာ Video ဖိုင်လေးတွေနဲ့ပြပေး ထားပါတယ်။ အားလုံးပေါင်း Video Tutorial 8 မျိုးပါဝင်ပါတယ်။ သူ့အတွက် Serial key ဖြည့်ပုံဖြည့်နည်းလေးတွေကိုတော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်းစီ ရှင်းပြပေးထားပါတယ်။ ပြုလုပ်ပေးနိုင်တဲ့ အခွင့်အရေး လေးတွေကတော့ HDV, AVCHD, Blu-ray Disc တွေနဲ့ JVC HD camcorders ကင်မရာတွေကနေစပြီး ထည့်သွင်းပေးနိုင်သလို BD-J activation နဲ့ DVD ဒါမှမဟုတ် Blu-Ray discs တွေကို ပြန်ပြီး ထုတ်လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြုလုပ်နေတဲ့ RevoStock ကနေပြီးတော့ Professional templates လေးတွေကို ထည့်သွင်းပေးနိုင်ပါတယ်။ တစ်ချိန်ထဲမှာ Music studio-quality titles, transitions နဲ့ တခြား effects လေးတွေကိုလည်း ထည့်သွင်းပေး နိုင်ပါတယ်။ ထည့်သွင်းပေးမယ့် သီချင်းကိုလည်း မိမိတို့ နှစ်သက်သလို ပြုပြင်ဖန်တီးပေးနိုင်ပါတယ်။ 3D Effects လေးတွေနဲ့လည်း မိမိတို့ နှစ်သက်သလို Box လေးတွေပြုလုပ်ပေးနိုင်ခြင်း၊NVIDIA CUDA technology နဲ့ Intel Core i7 အထိကို Support လုပ်ပေးခြင်း၊ Movies တွေကို မိနစ်ပိုင်းအတွင်းမှာ အမြန်ထုတ်ပေးနိုင်ခြင်း၊ ထုတ်ပေးထားတဲ့ Video တွေကို YouTube, Vimeo, Facebook နဲ့ Flickr တွေကို တိုက်ရိုက် Upload ပြုလုပ်ပေးနိုင်ခြင်း၊ Movies တွေကိုလည်း iPod, iPhone, PSP နဲ့ တခြား mobile devices တွေမှာ Save ပေးနိုင်ခြင်း စတဲ့ Features လေးတွေတော်တော်များများပါဝင်ပါတယ်။

Friday 28 October 2011

Avast/Norton/Kaspersky/Bitdefender/Avira/အသုံးပြုသူများအတွက်သတင်းကောင်း

သူငယ်ချင်းတို့ကို ၀ိုက်ဆိုဒ် တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် http://iransetup.com/ ဖြစ်ပါတယ်
လိုင်စင်ကီးတွေလည်း အမြဲ update လုပ်ပေးထားပါတယ်  နောက်ပြီး offline-update လည်းပါတယ်ခင်ဗျာ
စပြီးအသုံးပြုသူအတွက်အဆင်ပြေတာပေါ့ဗျာ  အဆင်ပြေကျပါစေ
သူကတော့ Antivirus လိုင်စင်ဗားရှင်းကို စုစည်းဖော်ပြထားတဲ့ဆိုဒ်လေးပါခင်ဗျာ

Thursday 27 October 2011

Internet Download Manager 6.07 Build 14

ကျွန်တော်တို့ အခု Internet Download Manager 6.07 Build 14 Final Update လေးထပ်ထွက်လာပါပြီ။ Update ကိုမှ သုံးရတာနှစ်သက်သူများအတွက် အဆင်ပြေအောင်တင်ပေးလိုက်ပါတယ်။ ကျွန်တော် IDM ကို Full Version ဖြစ်အောင် Install လုပ်နည်းကို  ဒီလင့်ခ်လေးမှာ ရှင်းပြပေးထားပါတယ်။ အခုလည်း ဒီကောင်လေးကို  အောက်မှာယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေး ထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွား လိုက်ပါဗျာ။

Internet Download Manager 6.07 Build 14

Downloading from ifile.it


Downloading from mediafire
 မူရင်း....နေမင်းမောင်

Saturday 22 October 2011

Keys for Kaspersky, Dr. Web, ESET NOD32, Avast, Avira 21.10.2011


 
ဒါကတော့  ESET NOD32, AVAST, Kaspersky, Avira နဲ့ Dr.Web!  အတွက်  Update Key တွေပါ.. 
အထဲမှာ သူအမျိုးအစားအလိုက် ခွဲပြီးထည့်ပေး ထားပါတယ်.. လိုအပ်တဲ့သူတွေကတော့ 
အောက်မှာအဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ..

PhotoInstrument 5.2.531 Multilingual (+ Portable)


ကျွန်တော်ဒီတစ်ခါ အရင်ကလည်း တင်ပေးခဲ့ပါတယ်။ ဒါကတော့ နောက်ထပ် Update လေးဖြစ်ပါတယ်။ Serial Key ထည့်ရတာအဆင်မပြေ ဖြစ်နေတဲ့ အစ်ကိုတစ်ယောက်လဲရှိတာနဲ့ ကျွန်တော်နောက်ထပ် နောက်ဆုံး Update လေးကို ရှာပြီးတင်ပေးလိုက်ပါတယ်။ နောက်ထပ် Update ဆိုတဲ့ အတွက် အရင်ကနဲ့ မတူနဲ့ Effects လေးတွေထပ်ပြီးပါဝင်လာပါပြီ။ ပုံမှာပြထားတဲ့ အတိုင်းပါပဲ။ ကျွန်တော် Portable လေးပါတွဲပြီးတင်ပေးထားပါတယ်။ Serial Key အတွက်မှာပေးထားတဲ့ Email လိပ်စာနဲ့ Key ကိုပါ နှစ်ခုလုံးကို ဖြည့်ပေးဖို့လိုပါတယ်။ မိမိတို့ရဲ့ Email လိပ်စာနဲ့မရပါဘူး။ အထဲမှာ Video Tutorials လေး  တွေပါတဲ့အတွက် အသုံးပြုနည်းကိုတော့ ပြောမပြတော့ပါဘူး။ အောက်မှာယူသွားလိုက်ပါ။   နောက်ထပ် Update လေးတွေထွက်လာရင်လည်း ကျွန်တော်ထပ်ပြီးတင်တင်ပေးသွားပါ့မယ်။

Myanmar Window ကို Virtual Box နဲ့သုံးရအောင်



ကျွန်တော် ဒီနေ့တော့ Tharlon OS ဆိုပြီး  Myanmar Windows Beta Version 1.0 လေးကို အကိုတစ်ယောက်က ပြောလို့ စမ်းကြည့်ရင်းနဲ့ ကျွန်တော်တို့လိုပဲ စမ်းသုံးကြည့်ချင်တဲ့ သူတွေရှိရင်လည်း အလွယ်တကူ အသုံးပြုလို့ရအောင် ဒီကောင်လေးကို Virtual Box ထဲမှာ Install လုပ်ပြီးဘယ်လို အသုံးပြုလို့ ရမလည်းဆိုတာကို ရေးပေးသွားပါမယ် . . Tharlon OS  ကို Linux ရဲ့ Unbuntu ပေါ်မှာ အခြေခံထားတယ်လို့ ထင်ပါတယ် .. ပထမဆုံး မြန်မာစာသုံး ကွန်ပျူတာ စက်လည်ပတ်စနစ် (Myanmar Operating System) ဆိုတော့လည်း ကျွန်တော်တို့ မြန်မာလူမျိုးတိုင်း စိတ်ဝင်စားမယ်ထင်လို့ မိတ်ဆက်ပေးချင်တာရယ် .. Virtual Box မှာ မိမိတို့ကြိုက်နှစ်သက်တဲ့ OS တွေကို ဘယ်လို အသုံးပြုရမယ်ဆိုတာကို မသိသေးတဲ့ သူများအတွက်လည်း Virtual Box ကိုဘယ်လိုအသုံးပြုရမယ် ဆိုတာကို သိစေချင်လို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ .. 


Wednesday 19 October 2011

All adobe cs4 and cs5 product keygen and patch

oonayoo အကို၊ Adobe Creative Suite 5 Master Collection Keygen လေးရှိရင် ပေးပါလား

ကဲညီလေးတောင်းထားတဲ့ cs4 အတွက်ကော cs5 အတွက်ကော အကုန်လုံးပါတယ်နော်. ပါတာတွေကတော့ အများကြီးပဲ အဲ့ဒါကြောင့်မို့ ဘာတွေပါတယ်ဆိုတာကို မရေးပေးတော့ပါဘူး. ဟိုတစ်ရက်က တင်တဲ့ keygen က cs5 အတွက်မပါဘူး. အခုဟာက adobe product အကုန်နီးပါးပါပါတယ်. အားလုံးပဲ ရှိထားသင့်တဲ့ keygen ပါ. လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ.


Download mirrorcreator | ifile.it | mediafire | ziddu | Megaupload

မူရင်း....ညီနေမင်း

Window 7 activated မဖြစ်သူများနှင့် Genuine မဖြစ်သူများအတွက်


အခုဒီနေ့အထိ ထွက်သမျှ loader ထဲက အကောင်းဆုံးနဲ့ အဆင်အပြေဆုံး loader တွေကို ပေါင်းပြီးတော့ တင်ပေးလိုက်ပါတယ်. version 2.0.2,5,6,8 လေးမျိုး တင်ပေးလိုက်ပါတယ်. 2.0.8 ကတော့ နောက်ဆုံးထွက်ပါ. အရင်က တင်ပေးတဲ့ window 7 loader နဲ့ အဆင်မပြေသူများ အခုတင်ပေးလိုက်တဲ့ loader နဲ့ စမ်းလိုက်ပါ ရကို ရသွား ပါလိမ့်မယ်. သုံးနည်းကတော့ အရင်အတိုင်းပါပဲ. install လုပ်လိုက်ပြီး ခဏစောင့်လိုက် ကွန်ပျူတာကို restart တောင်းရင် restart ပေးလိုက်ပါ. window activated ဖြစ်သွား ပါလိမ့်မယ်. အထဲမှာ license key ပါ ထည့်ပေးထားပါတယ်. window 7 version အားလုံးအတွက် ပါပါတယ်. loader တွေကတော့ မကြာခဏ အဖျက်ခံရပါတယ်. ဒါပေမယ့် ကိစ္စမရှိပါဘူး. တင်ထားတာ အဖျက်ခံရလဲ ထပ်တင်ပေးပါ့မယ်. အမြန်ဆုံးသာ အောက်မှာ Download လုပ်လိုက်ပါ. မရှိမဖြစ် ဆောင်ထား သင့်ပါတယ်.

Download mirrorcreator | ifile.it | mediafire | zshare | ziddu | megaupload
မူရင်း.....ညီနေမင်း

Get 10 GB of Free Space

အခုတလော You have been invited to Minus ဆိုပြီးတော့ Mail က ခဏခဏလာတယ် ဒါနဲ့ ဒီနေ့တော့
ဖွင့်ကြည့်လိုက်တာ နဲ့  Online ပေါ်မှာ Storage လုပ်ခြင်တဲ့ မိတ်ဆွေများအတွက် သတင်းကောင်းလေးတခု
ဖြစ်ပါတယ်။
Get 10 GB of Free Space
2Unlimited Downloads & Transfer
3Share Large Files up to 2 GB each ဖြစ်တဲ့အတွက်ကြောင့် File ကြီးကြီးတွေတင်ပြီး တော့ ပို့လို့ရတယ်။
Website အတွက် တိုရီမုစ တွေလဲတင်လို့ရတယ် ဘာဘဲပြောပြော အလကားပေးနေမှာ တော့ အကျိုးရှိရှိ
အသုံးချပေးရမှာပေါ့ .....
ဟုတ်တယ်ဟုတ် မိတ်ဆွေ........

SBSangpi(စံပီး)

Nero9


ကိုယ့်ရဲ့ Email လိပ်စာကိုထည့်ကာ ရရှိနိုင်ပါတယ်.။

Click Here for Download  Site

Serial no........9M03-01AE-WXPW-1P5Z-4XUX-C4AZ-KX74-117T

အရေးကြီးတဲ့ Firewall နဲ့ Software


Firewall ဟာ Computer ရဲ့ အရေးကြီးနေရာမှာရှိပါတယ် Firewall လုံခြုံရေးနည်းပြီး အားနည်းချက်သာ ရှိခဲ့ရင်  ကွန်ပျုတာတခုလုံး ကိုထိခိုက်နိုင်ရုံသာမက ဤကွန်ပျုတာနဲ့ အသုံးပြုတဲ့ အင်တာနက် account တွေ ကိုပါ ခိုးယူသွားနိုင်ပါတယ် ဒါကြောင့် Firewall က ကွန်ပျုတာနဲ့ အင်တာနက် ဆက်သွယ်တဲ့နေရာမှာ အဓိကရေးကြီးပြီး လုံခြုံမှုရှိဖို့အတွက် firewall ကို Turn On လုပ်ထားရပါမယ်။ Windows တိုင်းမှာ firewall က ရှိပြီးသားဖြစ်ပါတယ် Turn On လုပ်ပေးဖို့ကို မမေ့ပါနဲ့။ ဒါပေမဲ့ ကျွန်တော် အမြင်မှာတော့ ဒီ windows မှာ ပါတဲ့ Firewall က သိပ်ပြီးလုံခြုံမှု မရှိဘူးထင်ပါတယ် ဒါကြောင့် Firewall မှာ စိတ်ချရတဲ့ Zone Alarm ကို မိတ်ဆက်ပေးခြင်ပါတယ် ဒီ Zone alarm က Free product တခုပေးထားပါတယ် ဒီ Free product တခုကို ဘဲ အသုံးပြုဖို့ လမ်းညွှန်ခြင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ Free ဖြစ်တာနဲ့ အမျှ သူ့ရဲ့ Function က နည်းပြီး အသုံးရတာ အဆင်ပြေပါတယ် တခါ Install လုပ်ပေးထားရင် အမြဲ Anti-virus လိုမျိုး Scan လုပ်စရာ မလိုပါဘူး။

Anti-virus ကို မ၀ယ်နိုင်သေးရင်တောင်မှ ဒီ Free Zone Alarm ကို Install လုပ်ထားခြင်းအားဖြင့်
Hacker ဘေးရန်၊ Virus, spyware စတဲ့ ဘေးရန်တွေမှာလဲ ကာကွယ်ပေးမှာဖြစ်ပါတယ်။


DOWNLOAD HERE

မူရင်း......IT Reshare Site

Driver Genius Professional v10.0.0.761


ကျွန်တော်အခု Driver Genius Professional Update လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အသုံးပြုနေတဲ့ သူများ ကတော့ ဒီကောင်လေးရဲ့ အကြောင်းကိုသိမယ်လို့ထင်ပါတယ်။ မိမိတို့စက်ထဲမှာ လိုအပ်နေတဲ့ Drivers လေးတွေကို ဒီကောင်လေးကနေ Scan ဖတ်ပေးပြီး လိုအပ်တဲ့ Drivers တွေနဲ့  သက်ဆိုင်တဲ့ Servers တွေကနေပြီးတော့ Download ဆွဲပေးပါတယ်။ အသုံးမလိုဘူးဆိုရင်တောင် ဆောင်ထားသင့်ပါတယ် ။ ဖိုင်ဆိုဒ်ကလည်း 5 MB ပဲရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

Memory Cleaner 1.50


ဒီကောင်လေးကတော့ Memory Cleaner လေးပါ ..ကျွန်တော်တို့ တစ်နေ့နေ့ ကွန်ပျုတာကို အသုံးပြုတဲ့အခါမှာ စက်စဖွင့်ပြီဆိုတာနဲ့ Application ပေါင်းစုံကို စပြီးလည်ပါတ်တော့ တာပါပဲ .. Application တွေကိုအသုံးပြုတာ များလာလို့ Memory ရဲ့ System Cache တွေများ လာတာပဲဖြစ်ဖြစ် ကျွန်တော်တို့ မမြင်နိုင်တဲ့ အမှိုက်သရိုက်လေးတွေကို ဒီကောင်လေးနဲ့ ရှင်းပေးလို့ရမှာ ဖြစ်ပါတယ် . အသုံးအပြု ရတာလည်း ဘာမှမခက်ခဲ ပါဘူး အခုတင်ပေးလိုက်တဲ့ ကောင်လေးကို Install လုပ်ပေးလိုက်ယုံပါပဲ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွား လိုက်ပါ .. 


SUPERAntiSpyware Professional v5.0.1134 Final



ကျွန်တော်တို့စက်ထဲမှာ Antivirus လေးတစ်ခုရှိရုံနဲ့ နေ့စဉ်အင်တာနက်သုံးစွဲနေသူများအတွက် မလုံလောက်ပါဘူး။ အနည်းဆုံးတော့ Antimalware ဖြစ်ဖြစ် Antispyware လေးပဲဖြစ်ဖြစ်တစ်ခုခုကိုတော့ တင်ထား သင့်ပါတယ်။ အခုက SUPERAntiSpyware Professional  Update လေးထွက်လာလို့ တင်ပေးလိုက် တာပါ။ သူ့အတွက် Crack ဖိုင်လေးရေ Keygen လေးပါတစ်ခါတည်းထည့်ပေးထား ပါတယ်။ကျွန်တော်တို့  Spyware, Adware, Malware, Trojans, Dialers, Worms, KeyLoggers တွေနဲ့ တခြားသော threats တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ တခြားသော Features လေးတွေလည်း တော်တော်များများပါပါသေးတယ်။ အသုံးပြုကြည့်လိုက်ပါဗျာ။

Different Background color/Image အသုံးပြုနည်း

Blog မှာ မိမိရေးတဲ့ Post တွေကို သီးခြား Background (သို့မဟုတ်) Image Background တွေအသုံးပြုချင်တဲ့ သူငယ်ချင်းများ အသုံးပြုလို့ရအောင် ကျွန်တော်တင်ပြပေးလိုက်တာပါ။ လုပ်ရတာလဲ အဆင်ပြေလှပါတယ်။ အသုံးပြုချင်တဲ့ စာနဲ့ ထားချင်တဲ့ Background ပုံက ညီရင် ပိုကောင်းလေးပါဘဲ။ စာရေးသလောက်သာ ပုံက Background လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတင်တဲ့ Post တိုရင် မိမိရွေးချယ်တဲ့ Background ကလဲ တိုမှာဖြစ်ပါတယ်။
color နဲ့ Background အသုံးပြုနည်း
1. မိမိ Blog မှ Posting ကို click လိုက်ပါ။ New Post မှာ အောက်က code တွေကို copy ယူပြီထည့်လိုက်ပါ။ အနီရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိပေါ်စေချင်တဲ့ Background color ကို စိတ်ကြိုက်ရွေးချယ်ထည့်လိုက်ပါ။ အပြာရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိတင်မဲ့ Post ကိုရေးလိုက်ပါ။

<div style="background:#FFE1FF; padding:5px 8px 5px 8px;">
YOUR TEXT HERE
</div>

2. ပြီရင်တော့ Publish Post ကို click ပေးလိုက်ပါ။ မိမိတင်ထားတဲ့ Post ကို အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။




ကျေးဇူးကြီးလှတဲ့ ဖေဖေ

သားဒီကနေ့မှာ အဖေဟာ သားအတွက် ဖိုးသုညဖြစ်နေပေမဲ့ အတိတ်ကသားအတွက်တော့ အဖေဟာကုဋေကြွယ်သူဠေးကြီးပါကွာ ................

သားအတွက်ဒီကနေ့ သာနေတဲ့ နေမင်းကြီးဟာ မင်းအတွက်အတောက်ပဆုံးဖြစ်နေပေမဲ့ အချိန်တန်လို့ မင်းနေ၀င်သွားတဲ့အခါ အဖေဟာမင်းအတွက် လမင်းကြီးပါကွာ ...................

ဒါပေမဲ့သားရယ် ဒီကနေ့ သားအတွက် သာနေ့တဲ့ နေမင်းကြီးဟာ မင်းတို့အဖေ (ငါ) မွေးတဲ့ အချိန်တုန်းက တောက်ပခဲ့တဲ့ နေပါကွာ .................

သားအတွက်တော အဖေဟာ ကောင်းကင်းတခွင်ကု လင်းလက်စေတဲ့ သော်တာလမင်းကြီးမဟုတ်တော့ပေမဲ့ အရပ်မျက်နှာကိုတော့ ညွှန်းပြပေးနိုင်တဲ့ ဓူဝံကြယ်တော့ ဖြစ်ပါသေးတယ်ကွာ ................

သားမင်းဟာပစ္စပ္ပုန်ကို ၇င်ဆိုင်ဖြတ်သန်းနေပေမဲ့ အဖေဟာ အတိတ်နဲ့ ပစ္စပ္ပုန်ပါ ဖြတ်သန်ခဲ့ ဖြတ်သန်းနေတဲ့ သူပါကွာ .........................

ဒီနေ့ဟာ သားအတွက် အဖေရဲ့ အတွေးအခေါ်တွေဟာ ဟောင်းနွမ်းဆွေးမြေ့နေပေမဲ့ အတိတ်မှာ သားအတွက်တော့ အဖေဟာ မင်းရဲ့ ပါမောက္ခပေါ့ကွာ .....................

သားဒီကနေ့အဖေဟာ ရုပ်ပိုင်းဆိုင်ရာ(ဆံဖြူလို့သွားကျိုးအဘိုးအို ဖြစ်နေပေမဲ့ )အိုမင်းရင့်ရော်နေပေမဲ့ စိတ်ပိုင်းဆိုင်ရာတော့ သားအတွက် အမြဲနုပျိုလျှက်ပါကွာ .................

သားအဖေဟာ ခေတ်အမြင် ခေတ်အတက်ပညာကိုသားအတွက်လမ်းညွှန်မှု မပြုနိုင်ပေမဲ့ အားတော့အပြည့်ပေးနိုင်ပါတယ်ကွာ ...................

သားအတွက် အဖေဟာ ဒါရိုက်တာ မဟုတ်ပေမဲ့ အဖေအတွက်တော့ သားဟာ ထာဝရ မင်းသားလေးပါကွာ ............ ....

မိုးသောက်လုလင်(ရာဇာ)



Image နဲ့ Background အသုံးပြုနည်း

1. မိမိ Blog မှ Posting ကို click လိုက်ပါ။ New Post မှာ အောက်က code တွေကို copy ယူပြီထည့်လိုက်ပါ။ အနီရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိပေါ်စေချင်တဲ့ Background Image ကို စိတ်ကြိုက်ရွေးချယ်ထည့်လိုက်ပါ။(upload တင်ရမယ်နော် ထည့်မည့်ပုံကို) အပြာရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိတင်မဲ့ Post ကိုရေးလိုက်ပါ။

<div style="background:url(URL/Direct link OF the Image) no-repeat;">
YOUR TEXT HERE
</div>

2. ပြီရင်တော့ Publish Post ကို click ပေးလိုက်ပါ။ မိမိတင်ထားတဲ့ Post ကို အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်


ဆရာ့ရင်ခွင်
ဒဏ်ရာတွေ သူ့မှာခပေးမယ့်
စန္ဒာအဆွေ သူ့ရွာလှစေသို့
ဥပမာ ပြချင်ရဲ့ ငါ့ရင်ခွင်
သြော်.....ရှုကာ ဆပေတော့ ဆရာသွင်ပြင်............
မျက်နှာပန်းမှာလ
ခတ်ကြမ်းကာ မာပုံထင်လည်း
ရင်ခွင်ကို လှစါကာ ကြည့်လျှင်ဖြင့်
အစဉ်ချို မေတ္တာအပြည့်ပါကွယ်
သိကြစေချင်............

မလိမ္မာကဲကာ မိုက်တာကြောင့်
ကြိမ်တံပြာ ဆွဲကာရိုက်ပေမယ့်
အစဲမှာ ပိုက်သည်က များတပည့် နောင်အစဉ်
အမှားသိ ရှောင်ကြဉ်ဘို့ ငါ့စိတ်ရင်း.....................
လမင်းဆိုတာ...........
လဆင်းဘယ်လိုဖြာလည်း(ပ၀င်းဘယ်လိုသာလည်း)
တစ်လမှာ နှစ်ခါမပြည့်ပါဘူး
အမိ အဘနှယ် နောင်အရှည်မြင်
တပည့်လှဖွယ် အရောင်းတွေတင်သည့်
ဆရာ့ရင်ခွင် မေတ္တာလရယ်က
ဘသမြင့်အောင် သစ္စာပြလို့ရယ်(မင်းတို့အပေါ်မှာလေ)
မိုးလထက်လင်း။(အရှင်ဥတ္တရ)


မူရင်း.....မိုးထက်မြင့်(နည်းပညာ)

မိုးထက်မြင့်(နည်းပညာ): မေးလ်နှစ်ခုတစ်ခါတည် ဖွင့်ရအောင် ပြုလုပ်နည်း

မိုးထက်မြင့်(နည်းပညာ): မေးလ်နှစ်ခုတစ်ခါတည် ဖွင့်ရအောင် ပြုလုပ်နည်း: မိမိတို့ တစ်ခါတစ်လေး အင်တာနက်သုံးတဲ့အခါ အကြောင်းတရားတွေကြောင့် စက်တစ်လုံးမှာ နှစ်ယောက်သုံးရတဲ့အခါ နှစ်ယောက်လုံးက မေးလ်ဖွင့်ချင်ရင် အဆင်မပြေ...

မိုးထက်မြင့်(နည်းပညာ): General Keyboard Shortcut များ

မိုးထက်မြင့်(နည်းပညာ): General Keyboard Shortcut များ: ကျွန်တော် ဒီ Shortcut တွေကို တင်ပြရခြင်းရဲ ရည်ရွယ်ချက်ကတော့ မသိသေးတဲ့ သူငယ်ချင်းများအတွက် တင်ပေးလိုက်တာပါ။ တက်နိုင်သမျှ စုံအောင် စုစည်းတင်ပေ...

မိုးထက်မြင့်(နည်းပညာ): Windows 7 Keyboard Shortcuts Key

မိုးထက်မြင့်(နည်းပညာ): Windows 7 Keyboard Shortcuts Key: ကျွန်တော်အခု OS လောကမှာ Windows 7 က အတော်အပြောများနေလို့ စတင်အသုံး ပြုကြည့်လိုက်တာ.စစချင် ကျွန်တော်ပြဿနာတက်တာကတော့ ဘယ်မှာ ဘာတွေ ရှိလဲဆိုတာ က...

သာလွန် OS Beata Verison ထွက်ပါပြီ (မြန်မာ Myanmar Operating System)



သာလွန်OS Beata Verison ထွက်ပါပြီ ဒီမှာDownload လုပ်လို့ရပါပြီ။

မိမိတို့သမိုင်းတွင် ပြန်မကြုံဆုံနိုင်တော့သည့် တစ်ဂဏန်း အများဆုံး ဆုံသော ၁၁ – ၁၁ – ၁၁ ရက်နေ့တွင် ထုတ်ဝေဖြန့်ချိမည်ဟု ဆိုသည့် ပထမဆုံး မြန်မာစာသုံး ကွန်ပြူတာ စက်လည်ပတ်မှုစနစ် (Myanmar Operating System) တစ်ခုဖြစ်သော Tharlon OS ၏ အစမ်းသဘော ထုတ်သည့် Beta Version 1.0 ကို အောက်တိုဘာလ ၈ ရက်နေ့က ထုတ်လုပ်နိုင်ခဲ့ကြောင်း အဆိုပါ OS ဖြစ်မြောက်ရေး ဝိုင်းဝန်ကြိုးပမ်း ကြသူများထံမှ စုံစမ်း သိရှိရသည်။

စိတ်ဝင်စားရင်တော့ အောက်ကလင့်ခ်တွေကနေ ဒေါင်းယူနိုင်ပါကြောင်းပါ>>>

ဒီမှာ ဒေါင်းယူပါ

မရရင်


အသေးစိတ်လေ့လာချင်ရင်တော့ သူ့ရဲ့ မူရင်း  ဒီနေရာကနေ  သွာပြီးလေ့လာနိုင်ပါကြောင်း.....

Monday 17 October 2011

Windows ခွေတွေကို Ultra ISO လေးသုံးပြီးအလွယ် ကူဆုံး Burn ရအောင်



ကျွန်တော်အားလုံးအတွက်အသုံးဝင်မယ်ထင်တာလေးတွရေးဖို့၇ှိပါတယ်..။ဒါပေမယ့်ဒီရက်ပိုင်းမအား
သေးတာရယ် ၊အချိန်မပေးနိုင်တာရယ်ကြောင့်မရေးဖြစ်သေးတာပါ..။အခုလဲရတဲ့အချိန်လေးကိုအသုံး
ဝင်တာလေးတစ်ခုတင်ပေးလိုက်ပါတယ်..။ကျွန်တော့်ပို့ဒ်တွေကိုဖတ်ကြည့်၇င်သိပါလိမ့်မယ်.။ကျွန်တော်
မသိသေးတဲ့သူများကိုလွယ်လွယ်ကူကူဆောင်ရွက်နိုင်ဖို့ပဲအဓိကထားပြီးရေးနေတာဖြစ်တဲ့အတွက်သိပြီး
More →

No Audio Devices installed Problem ( Movie )


Movie  File လေးနဲ့
ရှင်းပြထားတာတွေ့လို့တင်ပေးလိုက်ပါတယ်..။သူရှင်းပြထားတဲ့နည်းလမ်းလေးအတိုင်းကြည့်ပြီးလိုက်
လုပ်ယုံပါပဲ..။တစ်ခြားသူများလဲအခုလိုမျိုးပြသနာမျိုးကြုံလာခဲ့ရင်အဆင်ပြေအောင်တင်ပေးလိုက်တာ
ပါ..။ကျွန်တော်ကော်နက်ရှင်မကောင်းတဲ့သူများပါကြည့်လို့အဆင်ပြေအောင် vimeo  ကနေပါတင်ပေး
ထားပါတယ်..။မိမိတို့အဆင်ပြေတဲ့ဆီကနေသာကြည့်လိုက်ပါ..။
More →

Windows 7 မှာအသံမလာဘူးဆိုရင်


ကျွန်တော်ဒီနေ့တော့ Windows 7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးဖြေရှင်းလို့ရမယ့်နည်းလမ်းလေးတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်..။ကျွန်တော်နည်းသုံးနည်းနဲ့ရှင်းပြပေးသွားပါမယ်..။တစ်ခုပြောချင်ပါတယ်..
မေးထားတာတွေကိုချက်ချင်းပြန်မဖြေပေးနိုင်ဘူးဆိုတာကျွန်တော်မေးထားတဲ့မေးခွန်းတွေနဲ့ပါတ်သတ်ပြီး
အဆင်ပြေပြီးအသုံးဝင်မဲ့အဖြေမျိုးကိုပဲအတက်နိုင်ဆုံးပေးချင်ပါတယ်..။ဖြေသာဖြေလိုက်ပြီးအဆင်မပြေဘူး
ဆိုရင်လဲဘာမှမထူးပါဘူး..။အခုကျွန်တော် Windows 7 မှာ Audio ပြသနာတက်နေတာနဲ့ပါတ်သတ်ပြီးမေး
ထားတာလေးတွေနဲ့ပါတ်သတ်ပြီးကျွန်တော်လေ့လာမိသလောက်အဆင်ပြေမယ်ထင်တဲ့နည်းလမ်းတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်.။
More →

CD Drive ပျောက်နေရင်ဖြေရှင်းနည်း ( Movie )


ဒါကတော့ cd drive ပျောက်နေတာကိုဖြေရှင်းလို့ရမဲ့နည်းလမ်းလေးပါ..။window vista
အတွက်ပါ..။တစ်ခြားအခုလိုအခက်အခဲဖြစ်နေတဲ့သူများလဲအဆင်ပြေအောင်တင်ပေးလိုက်တာပါ..။Uninstall
လုပ်ပြီးDisable  ပြန်ပေးလိုက်ယုံပါပဲ..။ကျွန်တော်အဆင်ပြေအောင်  Video  File  လေးတင်ပေးလိုက်ပါ
တယ်..။Windows 7 မှာသုံးလို့ရပါတယ်..။လုပ်နည်းကတော့အတူတူပါပဲ..။ ကော်နက်ရှင်မကောင်းတဲ့သူတွေ
ပါကြည့်ရတာအဆင်ပြေအောင်  Vimeo ကပါတင်ပေးထားပါတယ်..။အဆင်ပြေတဲ့ဆီကနေသာကြည့်လိုက်ပါ..။
More →

How to fix ” USB device is not recognized “


ဒါကတော့အကိုတစ်ယောက်မေးထားတာလေးပါ..။ကျွန်တော်တို့ကွန်ပျူတာမှ USB Drive ကိုတပ်လိုက်တဲ့
အခါမှာ USB device is not recognized ဆိုပြီးသတိပေး Box လေးပေါ်လာရင်ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့
နည်းလမ်းလေးတွေကိုကျွန်တော်လေ့လာမိသလောက်ပြန်ပြီးတော့မျှဝေပေးသွားပါမယ်..။
More →

Windows ကို Repair လုပ်ဆောင်ခြင်း


ကျွန်တော်ဒီနေ့တော့  Windows  Repair  လုပ်နည်းလေးကိုပုံလေးတွေနဲ့ရှင်းပြပေးသွားပါမယ်..။ကျွန်တော်
အရင်တင်ခဲ့ဖူးတဲ့  ကွန်ပျူတာကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်သင့်သောနည်းလမ်းများ ထဲမှာလဲဒီနည်း
လေးကိုရေးပေးခဲ့ပြီးပါပြီ..။ဒါပေမယ့်အကြမ်းဖျဉ်းလောက်ပဲပြောသွားခဲ့တာဖြစ်တဲ့အတွက်ကွန်ပျုတာကိုစ
တင်လေ့လာခါစသူတွေအတွက်အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့ရည်ရွယ်ပြီးဒီပို့ဒ်လေးကိုတင်ပေးလိုက်တာ
ပါ..။ဒီနေရာမှာကျွန်တော်တို့ဘာကြောင့်  Windows  Repair  လုပ်သင့်လဲဆိုတာကိုအကြမ်းဖျဉ်းလေးပြောပြ
More →

Internet Download Manager 6.07 Build 5 + Keygen


IDM  Update အသစ်လေးထပ်ထွက်လာလို့တင်းပေးလိုက်ပါတယ်..။ ( ၁၈.ရ.၂၀၁၁ ) ထွက်တာလေးပါ..။
ကျွန်တော်  IDM ကို  Update ထွက်တိုင်းတင်ပေးနေပါတယ်..။ဒီကောင်လေးကိုဘယ်လို  Install  လုပ်ရ
မယ်ဆိုတာမသိသေးသူတွေအတွက်ကျွန်တော်အရင်ပို့ဒ်တွေမှာတင်ခဲ့သလိုပဲအခုလဲအောက်မှာ  Video
File  လေးနဲ့တင်ပေးထားပါတယ်..။Update  ကိုမှသုံးချင်သူတွေအတွက်တော့အဆင်ပြေပါလိမ့်မယ်..။
အရင်တင်ပြီးသားရှိတဲ့သူတွေကလဲအသစ်ထပ်ပြီး  Run  စရာမလိုပါဘူး..။မိမိစက်မှာတင်ထားတဲ့  IDM
More →

ကွန်ပျုတာရဲ့အချက်အလက်တွေကိုအလွယ်တကူသိ ချင်တယ်ဆိုရင်


ကျွန်တော်တို့တွေကွန်ပျူတာတစ်လုံးကိုအသုံးပြုနေပြီဆိုတာနဲ့မိမိရဲ့ကွန်ပျူတာမှာရှိတဲ့အချက်အလက်တွေ
ကိုသိထားသင့်တာတော့အမှန်ပါပဲ.။မိမိကကွန်ပျူတာကိုလဲသုံးတာမကြာသေးဘူး..မိမိရဲ့ကွန်ပျုတာရဲ့ CPU
အမျိုးအစားကဘာလဲ ၊ Prosser  Speed ကဘယ်လောက်လောက်ရှိသလဲ ၊ မားသားဘုတ်ကကဘာအမျိုးအစား
လဲစတဲ့မိမိရဲ့ကွန်ပျူတာနဲ့ပါတ်သတ်တဲ့အချက်အလက်တွေကိုအလွယ်တကူသိချင်တယ်ဆိုရင်အခုကျွန်တော်
တင်ပေးလိုက်တဲ့  CPU-Z  ကောင်လေးကအထောက်အကူပေးပါလိမ့်မယ်..။ဒီကောင်လေးကိုမိမိတို့ရဲ့ကွန်ပျူ
More →

နှစ်တစ်ရာ အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်


Myanmar Calander  လေးတင်ပေးရင်နဲ့ နှစ်တစ်ရာမြန်မာပြက္ခဒိန်လေးကိုလည်းအားလုံးအတွက်အသုံးဝင်မယ်
ထင်လို့တင်ပေးလိုက်ပါတယ်..မြန်မာခုနှစ်ကော ၊ အင်္ဂလိပ်ခုနှစ်ကောအလွယ်တကူရှာဖွေနိုင်မှာဖြစ်သလို
ကွန်ပျုတာပေါ်မှာပဲအလွယ်တကူသိမ်းထားလို့ရမှာဖြစ်တဲ့အတွက်လဲကွန်ပျုတာသုံးစွဲသူတွေအတွက်ပိုပြီး
တော့အဆင်ပြေစေမှာဖြစ်ပါတယ်..။ 839 KB ပဲရှိပါတယ်..။ဒီကောင်လေးကို  Install  လုပ်ပေးယုံပါပဲ..။လို
အပ်တဲ့သူတွေကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ..။

More →

Into Cartoon Pro 3.0 + Patch


မိမိတို့ရဲ့ဓာတ်ပုံတွေကိုကာတွန်းပုံလေးတွေဖန်တီးချင်သူတွေအတွက်ဒီကောင်လေးကအထောက်အကူ
 ပြုပါလိမ့်မယ်..သုံးရတာဘာမှလဲမခက်ပါဘူး..ကိုယ်ကာတွန်းပုံလုပ်ချင်တဲ့ဓာတ်ပုံလေးကိုထည့်ပြီးရင်ဆေး
ဖြစ်လေးတွေခဲရာလေးတွေပေးပြီးရင် Cartoon  ဆိုတာလေးကနေပြီးတော့ပြောင်းပေးလိုက်ယုံပါပဲ..သုံးရ
တာတော်တော်လွယ်ပါတယ်..အထဲမှာကျွန်တော် Patch File လေးပါထည့်ပေးထားပါတယ်..Patch File
လေးကို My Computer >>  Local Disk ( C: ) >> Program  Files အထိသွားပြီး  intocartoonpro
More →

DreamLight.Photo.Editor.3.94 + Patch


ကျွန်တော် DreamLight Photo Editor V.3.94  ဆိုတဲ့ကောင်လေးထပ်တင်ပေးလိုက်ပါတယ်..
.အခုတင်ပေးလိုက်တဲ့ကောင်းလေးကကျွန်တော်တို့ပုံတွေကိုစိတ်ကြိုက်Colour  Design  လေးတွေ
ပြင်ချင်တဲ့အခါမှာအထောက်အကူပြုပါလိမ့်မယ်..ဒီကောင်လေးကတော့ပုံတွေပြင်တဲ့  Tool တွေ
ထဲမှာအသုံးပြုရတာအလွယ်ကူဆုံးပါပဲ…မိမိတို့စိတ်ကြိုက်  Design  လေးကိုရွေးပြီးရင် ၊ အရောင်
လေးတွေကိုစိတ်ကြိုက်ပြင်ပေးယုံပါပဲ…အသုံးပြုရတာအရမ်းလွယ်ပါတယ်..ကျွန်တော်အထဲမှာ  Patch File 
More →

ကွန်ပျုတာကိုစိတ်ချလက်ချထားခဲ့ရအောင်


အခုကျွန်တော်တင်ပေး လိုက်တဲ့  auto shutdown  ပုံစံမျိုးလေးကိုအရင်က တင်ပေးဖူးတာလဲရှိပါတယ်..ဒါပေ
မယ့်ဒီကောင်လေးက အသုံးပြုရတာပိုပြီး အဆင်ပြေလို့တင်ပေးလိုက်တာပါ..ကျွန်တော်တို့တစ်နေရာရာကိုသွား
စရာရှိလို့ပဲဖြစ်ဖြစ် လူကဲအရမ်းအိပ်ချင်နေပြီ ဆော့ဝဲလ်တစ်ခုကိုဒေါင်းလော့ချထားတာ မပြီးသေးလို့ အိပ်ချင်ချင်
နဲ့ဆက်ပြီးစောင့်နေရတဲ့ သူမျိုးတွေရှိရင်ပဲဖြစ်ဖြစ်  အခုကျွန်တော်တင်ပေးလိုက်တဲ့ ကောင်လေးကအများကြီး
အထောက်အကူပေးပါလိမ့်မယ်..အသုံးပြုရတာအရမ်းကို လွယ်ပါတယ်..မိမိတို့က နာရီအပိုင်းအခြားနဲ့ထားချင်
တယ်ဆိုရင် အချိန်အပိုင်းအခြားကို ရွေးပေးလိုက်ယုံပါပဲ..တကယ်လို့ ရက်စွဲအလိုက်ထားချင်တယ် ဆိုရင်လဲ
ရက်စွဲအလိုက် ထားပေးလိုက်ယုံပါပဲ..လိုအပ်တဲ့သူတွေကတော့အောက်မှာအဆင်ပြေတဲ့လင့်တွေကနေသာ
ဒေါင်းလော့ချသွားလိုက်ပါ..
More →

Windows 7 အသုံးပြုနည်းလက်စွဲ ( E-Book )

 
ကျွန်တော်စာအုပ်လေးတွေ မတင်ပေးဖြစ်တာကြာသွားပါပြီ ဒီနေ့တော့ကွန်ပျူတာ ကိုစပြီးတော့လေ့လာကာစ
သူတွေအတွက် Windows 7 ကိုစတင်အသုံးပြုတဲ့အခါ လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်အောင် ဦးအောင်လင်း
ရေးပေးထားတဲ့ Windows 7 အသုံးပြုနည်းစာအုပ်လေးတင်ပေးလိုက်ပါတယ်..Windows တစ်ခုကနေနောက်
ထပ် Windows တစ်ခုကိုပြောင်းပြီး အသုံးပြုတဲ့အခါ ကွန်ပျူတာနဲ့လက်ပွန်းတနီး မရှိတဲ့သူတွေအတွက်တော့အ
ခက်အခဲတစ်ခုဖြစ်စေ မှာပါ..။ဒါကြောင့် တစ်ခြား Widnows တစ်ခုခုကနေ Windows 7 ကိုပြောင်းပြီးအသုံးပြု
တဲ့အခါ အခက်အခဲ မရှိအောင် ဒီစာအုပ်လေးကို တင်ပေးလိုက်တာပါ..။လိုအပ်တဲ့သူတွေ ကတော့အောက်မှာ
အဆင်ပြေတဲ့ လင့်ကနေသာ ယူသွားလိုက်ပါ..
More →

Recover Lost WEP Wireless Network Password Key



ဒီနေ့တော့ကျွန်တော် wirelesskeyview  လေးရလို့ပြန်ရှယ်ပေးလိုက်ပါတယ်..ဒီကောင်လေးက Free ပေးထား
တာလေးပါ..အသုံးပြုရတာလဲလွယ်ကူပါတယ်..ဒီကောင်လေးကို Install လုပ်လိုက်ယုံနဲ့ Key တွေကိုအလွယ်
တကူရှာပေးမှာဖြစ်ပါတယ်..ကျွန်တော်အောက်မှာ Wifi Password ရှာဖွေနည်းလေးကိုလဲ Video File လေးနဲ့
တင်ပေးထားပါတယ်..U-Tube ကနေကြည့်လို့မရတဲ့သူတွေ အတွက်တော့ အောက်မှာဒေါင်းလော့လင့်လေး
ပေးထားပါတယ်..လိုအပ်တဲ့သူတွေကတော့အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာဒေါင်းလော့ချသွားလိုက်
ပါ..32 Bits နဲ့ 64 Bits နှစ်မျိုးလုံးခွဲတင်ပေးထားပါတယ်..မိမိတို့ OS Version အလိုက်ရွေးပြီးဒေါင်းလော့ချသွား
လိုက်ပါ..
More →

Windows 7 ကိုကိုယ်တိုင်တင်ကြရအောင်




ကျွန်တော်ဒီတစ်ရက်နှစ်ရက်ကို စားရေးတဲ့ဘက်ကို ပြန်လှည့်လိုက်ပါအုံးမယ်..တောင်းထားတာမေးထားလေး
တွေကို ချက်ချင်း Reply မလုပ်နိုင်သေးဘူးဆိုရင်လဲနားလည်ပေးပါအုံးလို့ပဲ အရင်ဆုံးတောင်းဆိုပါရစေခင်ဗျာ.
ကျွန်တော်တို့ ကွန်ပျူတာကို အသုံးပြုသူတိုင်း သိထားတက်ထား သင့်တာတစ်ခုရှိပါတယ်..အဲ့ဒါဘာလဲဆိုတော့
မိမိရဲ့ ကွန်ပျူတာကို မိမိကိုယ်တိုင် Windows တင်တက်ဖို့ဆိုတာဟာ ကွန်ပျူတာတစ်လုံးကို လက်ဝယ်မှာကိုင်
ပြီးတော့သုံးနေတဲ့ သူတိုင်းအတွက်လိုအပ်တာ အမှန်ပါပဲ..ဒါကကျွန်တော်က ယေဘူယျအားဖြင့် ပြောပြတာပါ
ကွန်ပျူတာ ကိုကိုင်တွယ်အသုံး ပြုနေရတဲ့သူတိုင်း အတွက် Windows တင်တာလောက်ကိုတော့သိထားသင့်
တာအမှန်ပါပဲ..ဒီနေရာမှာ ကျွန်တော်တစ်ခု ကြိုပြီးတော့ပြောချင်တာက ဘယ်ကိစ္စကိုမဆို မလုပ်ခင်ထဲကအဆိုး
ဘက်ကိုကြို ပြီးတော့တွေးမထားစေချင်ပါဘူး..သူတောင်လုပ်လို့ အဆင်ပြေရင်ကိုယ်လဲ လုပ်လို့အဆင်ပြေရမှာ
ပဲဆိုတဲ့အသိလေးတော့ လူတိုင်းရှိစေချင်ပါတယ်..ကျွန်တော်အခု Windows တစ်တစ်ခုကို မိမိတို့ကိုယ်တိုင်အ
လွယ်တကူ တင်တက်သွားအောင် အပိုင်း ( ၃ ) ပိုင်းနဲ့ရှင်းပြပေးသွားပါမယ်..ကျွန်တော်အခုပို့စ်လေးမှာတော့
Windows 7 တင်နည်းကိုအခြေခံပြီးရေးပေးသွားပါမယ်..ကျွန်တော်

၁.Windows မတင်ခင်ဘာတွေလုပ်သင့်လဲ ?
၂.Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?
၃.Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ?  ဆိုပြီးအပိုင်းသုံးပိုင်းခွဲပြီးရေးပေးသွားပါမယ်..
More →

ဖိုဒါ နဲ့ ဖိုင်လေးတွေကို လုံလုံခြုံခြုံသိမ်းကြရအောင်



ဒါကတော့ ကျွန်တော်တို့ဖိုဒါတွေကို လုံလုံခြုံခြုံလေးသိမ်းချင်သူများ အတွက်ဖြစ်ပါတယ်.. ဒီကောင်းလေးက
သူကိုဝင်တဲ့ အခါမှာအရင်ဆုံး Password ပေးပြီးဝင်ရပါတယ်..ပြီးမှမိမိတို့ လော့ချထားချင်တာပဲဖြစ်ဖြစ် ၊
ဖျောက်ထားချင်တဲ့ ဖိုဒါကိုပဲဖြစ်ဖြစ် ရွေးပေးပြီး ထည့်ပေးထားယုံပါပဲ..ဖိုဒါကို လော့ထားယုံပဲထားမှာလား ၊
ဒါမှ မဟုတ်လော့ချပြီးတော့ ဖျောက်ထားမှာလား ၊ လော့တော့ချမထားဘူး ဖျောက်ပဲထားမှာလား ဆိုတာကို
More →

Gretting Card လေးတွေကိုစိတ်ကြိုက်ပုံဖော်ကြရအောင်


ကျွန်တော်တို့ ချစ်သူရဲ့ မွေးနေ့မှာပဲဖြစ်ဖြစ် မိမိတို့ရဲ့သူငယ်ချင်းရဲ့မွေးနေ့မှာပဲဖြစ်ဖြစ် အမှတ်တရအဖြစ် Greeting Card
လေးတွေကို ကိုယ်တိုင်ဖန်တီးပြီးပေးချင်သူတွေအတွက် GreetingCardBuilder  လေးတင်ပေးလိုက်ပါတယ်.အမှတ်တ
ရနေ့လေး တွေမှာကိုယ်ချစ်သူပုံနဲ့ ကိုယ်ပုံလေးတွေ ကိုသုံးပြီး အမှတ်တရ Greeting Card လေးတွေကိုကိုယ်တိုင်ဖန်တီး
ပြီးပေးချင်တဲ့ သူတွေကတော့ GreetingCardBuilder လေးရှိယုံနဲ့ စိတ်ကြိုက် ပုံဖော်နေလို့ရမှာဖြစ်ပါတယ်.. ကျွန်တော်ဒီ
More →

Folder တွေကို rename ပေး၇င်မြန်မာဖောင့်ပေါ်အောင်


ကျွန်တော်အခုပြောမှာလေးကိုတော့တော်တော်များများသိကြမှာပါ။ဒါပေမယ့်မသိသေးတဲ့သူ
တွေအတွက်တော့တော်တော်၇ွာပတ်ပါတယ်။အ၇င်ဆုံးကိုယ့်၇ဲ့ကွန်ပျူတာပေါ်မှာဇော်ဂျီဖောင့်
၇ှိဖို့တော့လိုတာပေါ့…ဘယ်လိုလုပ်၇မလဲဆိုတော့…
For Window 7
  • Destop ပေါ်မှာ Right Click ထောက်လိုက်ပါ။
  • ပြီး၇င် Personalize ကိုသွားလိုက်ပါ။ Windows Color ကို၇ှာပါ။ပြီး၇င် Window Color ကိုနှိပ်လိုက်ပါ။
  • Window Color and Appearance ဘောက်လေးကျလာပါလိမ့်မယ်။
  • Item ကို Icon လို့ပြောင်းလိုက်ပါ။ Font ကို Zawgyi-One သို့ပြောင်းလိုက်ပါ။ပြီး၇င် Apply ပေးလိုက်ပါ။ OK ကိုနှိပ်လိုက်ပါ။ကဲဒါဆို၇င်ဖိုဒါလေးတွေကိုမြန်မဖောင့်လေးနဲ့ rename ပေးလို့၇သွားပါပြီ။
More →

Adoble Photoshop 7.0 နှင့် အသုံးပြုနည်း ( E-Book )


Adoble Photoshop 7.0 လေးတင်ပေးလိုက်ပါတယ်..ဒီကောင်လေးကို Full Version လေးသုံးလို့ရအောင် ကျွန်တော် Serial Key လေးပါထည့်ပေးထားပါတယ်..ပုံများကိုပြုပြင်ဖန်တီးဖို့ အတွက် ပိုမိုကောင်းမွန်တဲ့ Tool တွေ ပါဝင်လာပါတယ်..ဒီကောင်လေး ကိုလွယ်လွယ် ကူကူနဲ့အသုံးပြုတက် သွားအောင်ကျွန်တော် အသုံးပြု နည်း E-Book လေးပါတင်ပေးလိုက်ပါတယ်..လိုအပ်လို့သုံးချင်တယ်ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ..

Windows 7 ကို USB Drive ဖြင့်အလွယ်တကူတင်နည်း




ကျွန်တော်ဒီနေ့တော့  Windows တင်တော့မယ် ဆိုရင် CD/DVD Drive မရှိလို့ အခက်အခဲ ဖြစ်နေသူ များအတွက်  Flash Drive , USB Drive ကနေ Windows တင်လို့ရမယ့် နည်းလမ်းလေးကို ရေးပေးသွားပါမယ် အခု နည်းလမ်းလေးက Windows 7 တင်တဲ့ နည်းပါ.. XP  တင်တဲ့ နည်းကတော့ ကျွန်တော် နောက်မှ ထပ်ရေး ပေးသွားပါမယ်..အခု နည်းလမ်းလေးက အရမ်းလဲလွယ်ပါတယ်.. ကျွန်တော် မလုပ်တက်သေး သူတွေပါ အဆင်ပြေပြေ နဲ့လုပ်တက်သွား အောင်အောက်မှာ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်..

Driver_Checker_2.7.5_Datecode_19.09.2011


အခု ကျွန်တော် Driver Chacker လေးတစ်ခု တင်ပေးလိုက်ပါတယ်.. ဒီကောင်လေး ကတော့ မိမိတို့ ကွန်ပျူတာ မှာလိုအပ်နေတဲ့ Driver တွေကိုရှာဖွေ ပေးမယ် ၊ ပြီးရင် တစ်ခါထဲ ဒေါင်းလော့တန်းချပြီး လိုအပ်တဲ့ Driver တွေ ကိုတန်းပြီး Install လုပ်ပေးနိုင်ပါတယ်.. မိမိတို့ ကွန်ပျုတာ အတွက်လိုအပ်နေတဲ့ Driver တွေကို အခုကျွန်တော် တင်ပေးလိုက်တဲ့ Driver Chacker လေးကိုသုံးပြီး အလွယ်တကူ ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်.. ပြီးရင်တော့ အလွယ်တကူ ဒေါင်းလော့ချပြီး Install လုပ်ပေးလိုက်ယုံပါပဲ .. ကျွန်တော် ဒီကောင်လေးအတွက် လိုအပ်တဲ့ Key တွေကိုလဲ ထည့်ပေးထားပါတယ်.. ညာဘက်ထောင့်နားမှာရှိတဲ့ Register ကိုနှိပ်လိုက်ပါ..ဒါဆိုရင် Key ထည့်ရမယ့် ကောင်လေးပေါ် လာပါလိမ့်မယ်.. ပြီးရင်တော့ ကျွန်တော်ထည့်ပေးလိုက်တဲ့ Key တွေထဲကို တစ်ခုကိုယူပြီး ထည့်ပေးလိုက်ယုံပါပဲ.. ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့လဲ ပြပေးထားပါတယ်..

G-talk မှာ သူပြောတာကြားရပြီး ကိုယ်ပြန်ပြောတာသူ မကြားရဘူးဆိုရင်

ကျွန်တော် Windows 7 မှာ Sound နဲ့ပါတ်သတ်ပြီး တော့ဖြစ်တက်တဲ့ Error လေးကို သူငယ်ချင်း တစ်ယောက် ကိုလဲ လုပ်ပေးဖြစ်ရင်းနဲ့ တကယ်လို့ မိမိတို့မှာ အခုလို Error မျိုးကြုံ လာရင် အလွယ်တကူ ဖြေရှင်းတက် သွားအောင် ရှင်းပြပေးသွားပါမယ်.. ကျွန်တော်တို့ G-Talk ကိုအသုံးပြုတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ်ကဒီက ပြောနေတာကို တစ်ဖက်လူက ကြားရပြီး သူပြောတာကို ကိုကမကြားရတာ မျိုးကြုံဖူး ကြပါလိမ့်မယ်.. ဒါက ကျွန်တော်က အသုံးများတဲ့ G-Talk မှာပြောပြတာပါ.. တစ်ခြား Chat Program တွေမှာလဲ ဒီတိုင်း လိုက်ပြင်ပေး ကြည့်ရင် အဆင်ပြေသွားပါလိိမ့်မယ်.. နောက်တစ်နည်းကတော့ ကျွန်တော်တို့ မိုက်ကိုရှေ့ ပေါက်ကနေ ထိုးပြီးအသုံး ပြုတဲ့အခါမှာ အသံမလာ တာပဲဖြစ်ပါတယ်.. ဒါကတော့ Realtek HD Audio Driver ကိုအသုံးပြု ထားတဲ့သူ တော်တော်များများ ကြုံတွေ့ရတာတွေ့ ရပါတယ်..အဲ့ဒါကို ဘယ်လိုဖြေရှင်း ရမယ်ဆိုတာကိုပါ ကျွန်တော်ရေးပေးသွားပါမယ်..
မူရင်း...ကောင်လေးငယ်

Lightweight summer theme


ကျွန်တော် Theme  လေးထပ်တင် ပေးလိုက်ပါတယ်.. ဘယ်သူမဆိုတော့ မိမိတို့ကွန်ပျူတာကို အမြဲတမ်း အလှဆင် နေရမှကို သဘောကျတာ ကတော့သေချာ ပါတယ်.. ဒီ Theme လေးကိုအသုံးပြု ချင်ရင် ဘယ်လို လုပ်ရမယ်ဆို တာကိုတော့ ကျွန်တော်  ဒီလင့်   မှာရှင်းပြပေးထားပါတယ်.. ကြည့်ပြီးတော့သာ လိုက်လုပ်ကြည့်လိုက်ပါ .. အခု Theme လေးကို သဘောကျတယ် ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ..
မူ၇င်း...ကောင်လေးငယ်

KMPlayer_3.0.0.1442_R2_Portable



Player လေးတစ်ခုတင်ပေးလိုက်ပါတယ်.. KMPlayer လေးပါ.. ဒီကောင်လေးကတော့ Portable လေးပါ .. ပေါ့ပေါ့
ပါးပါးနဲ့အလွယ်တကူအသုံး ပြုလို့ရတာပေါ့ဗျာ.. 18 MB ပဲရှိပါတယ်.. အသုံးပြုချင်တဲ့ သူတွေကတော့ အောက်မှာ
အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ..

Share

Twitter Delicious Facebook Digg Stumbleupon Favorites More