ယထာ အာရောဂျ ၊ ယောဗ္ဗနံ ဗျာဓိ ဇရာ ပရောသိတံ ။ ဧ၀ံ ဟိ ဇိဝိတံ သဗ္ဗံ ၊ မရဏပ္ပရိယောသိတံ ။

Tuesday 26 February 2013

USB နဲ့ External Hard Disk ကို Partition နှစ်ပိုင်းခွဲ တစ်ပိုင်းကို ဖျောက်ပြီးလျှို့ဝှက်ချက်တွေဖွက်ထားမယ်

ဒီ Post လေးကိုတော့ လူတိုင်းကြိုက်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။ ဒီကောင်လေး
ရဲ့နာမည်ကတော့ GiliSoft USB Stick Encryption 4.0 ဘဲဖြစ်ပါတယ်။ အရှေ့မှာလည်း v2.0 ကိုတင်
ပေးခဲ့ဖူးပါတယ်။ USB အတွက်တော့ အသင့်တော်ဆုံးပါဘဲ။ ဘာလို့လည်းဆိုတော့ ကျွန်တော်လွန်ခဲ့
တဲ့ 1နှစ်လောက်ကတည်းက အဲဒါမျိုးလေးသုံးဖူးပါတယ်။ ဒါပေမယ့် အခု Software လောက်မကောင်း
ပါဘူး။ ဒီကောင်လေးက ဘာတွေပိုကောင်းလည်းဆိုရင်တော့ ပေါ့ပေါ့ပါးပါးသုံးနိုင်တယ်ဗျာ ပြီးတော့
ဘယ် USB မျိုးကိုမဆို လွယ်ကူစွာနဲ့ဘဲ အလုပ်လုပ်ပါတယ်ဗျာ။ တခြား အလားတူ Software တွေရှိပါ
တယ်။ဒါပေမယ့် အဲဒီ Software တွေက သူရဲ့မူပိုင် USB တစ်မျိုးတည်းသာ အလုပ်လုပ်ပါတယ်။အခြား
USB တွေမှာအလုပ်မလုပ်ပါဘူး။ဒီကောင်လေးရဲ့ အသုံးဝင်ပုံလေးကတော့ ခေါင်းစဉ်လေးကိုဖတ်လိုက်
တာနဲ့တင် ဘယ်လိုနေရာတွေမှာအသုံးဝင်နိုင်သလဲဆိုတာသိလောက်ပြီထင်ပါတယ်ဗျာ။ အောက်မှာ
အသုံးပြုပုံကို ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။

သူ့ရဲ့ အသုံးပြုပုံလေးကိုကျွန်တော်စပြီးရှင်းပြပေးပါ့မယ်။ ကျွန်တော်က လူတိုင်းနားလည်လွယ်အောင်
အသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။

ဒါလေးကတော့ သူ့ရဲ့ Install ပြုလုပ်ပုံအဆင့်ဆင့်ပါ။ ကျွန်တော်တို့ပုံမှန် Software တွေ
ကို Install ပြုလုပ်နေကြပုံစံလေးဖြစ်လို့ အသေးစိတ်ရှင်းပြမနေတော့ပါဘူးနော်။ရလောက်
မယ်ထင်ပါတယ်။ Install လုပ်ပြီးသွားပြီဆိုရင်တော့ Gilisoft USB Stick Encryption ကို
Double Click နှိပ်လိုက်ပါ။ ခဏလေးဗျ Double Click မနှိပ်ခင် ကျွန်တော်သေသေချာချာ
လေးမှာချင်ပါတယ်ဗျာ။ဘာလည်းဆိုတော့ မိမိ Install လုပ်မယ့် USB ထဲမှာ Data တွေ
တစ်ခုမှ ထားလို့မရပါဘူး။ Data တွေကိုတော့ Computer ထဲကို အရင်ကူးထည့်ထားပေးပါ
ကူးထည့်မထားဘူးဆိုရင်တော့ Data တွေကိုတစ်ခုမှပြန်ရမှာမဟုတ်ပါဘူး။အကုန်လုံး
Format ချလိုက်တဲ့အထဲပါကုန်မှာမို့လို့ပါဗျာ။

အခုမြင်နေရတာကတော့ Install လုပ်ပြီးသွားတဲ့အဆင့်ဘဲဖြစ်ပါတယ်။
1                    ကျွန်တော်နမူနာလုပ်ပြတဲ့ USB က 4GB ဖြစ်တဲ့အတွက်သူ့ရဲ့ Size က 3982MB
ဆိုပြီးပြနေတာဖြစ်ပါတယ်။
2                    ဒါကတော့ မိမိဖွက်ထားမယ့်အပိုင်းဘဲဖြစ်ပါတယ်။ကျွန်တော်ကတော့ နမူနာအနေနဲ့
1024MB ကို Partition ပိုင်းပြီး ဖွက်ထားမယ်လို့ လုပ်ပြထားတာဖြစ်ပါတယ်။
3                    မြှားလေးနှစ်ခုကြားက အတုံးလေးကို အတိုးအလျှော့လုပ်ပြီး Partition ပိုင်းနှိုင်မှာဖြစ်
ပါတယ်။
4        အဆင့် 1 မှ3 အထိ ပြီးသွားပြီဆိုရင်တော့ Install ကိုနှိပ်လိုက်ပါ။

ဒီအဆင့်ကတော့ မြင်ရတဲ့အတိုင်းပါဘဲ User Name နဲ့ Password ဖြည့်ရမှာဖြစ်ပါတယ်။
Password ကတော့ အနည်းဆုံး 6လုံးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ Password ကိုတော့ မမေ့
ဖို့အရေးကြီးပါတယ်။

အပေါ်မှာလည်းကျွန်တော်တစ်ကြိမ်သတိပေးပြီးသွားပါပြီ ။ ဒီအဆင့်ကတော့ မိမိရဲ့ USB ထဲမှာ
Data တွေရှိနေပါက တစ်နေရာရာမှာ Backup လုပ်ထားပေးပါဆိုတဲ့ Message ဘဲဖြစ်ပါတယ်။
ပြီးသွားရင်တော့ Yes ကိုနှိပ်ပေးပါ။

အခုမြင်နေရတဲ့အဆင့်ကတော့ USB တစ်ခုလုံးကို Format ချပြီး Partition ပိုင်းနေတဲ့အဆင့်ဘဲ
ဖြစ်ပါတယ်။

အခုမြင်နေရတာကတော့ မိမိရဲ့ USB ထဲမှာ agent.exe ဆိုတဲ့ File လေးရောက်လာပါပြီ။
1                    agent.exe ကို Double Click နှိပ်ပေးပါ။
2                    Register လုပ်ခိုင်းတာပါ။ Register ကိုနှိပ်ပေးပါ။
3                    ကျွန်တော်ပေးထားတဲ့ Serial လေးကို ကူးထည့်ပေးလိုက်ပါ။
4                    ပြီးသွားပြီဆိုရင် Register ကိုနှိပ်လိုက်ပါ။

အခုမြင်နေရတာကတော့ ခုနတုန်းကကျွန်တောတို့ရိုက်ခဲ့တဲ့ Password ကိုရိုက်ထည့်
ပေးရမှာဖြစ်ပါတယ်။ Serial Key ထည့်ပြီးတဲ့အတွက် Full Version ဖြစ်သွားပါပြီ။
Register လုပ်စရာမလိုတော့ပါဘူး။ Open ကိုနှိပ်ပေးပါ။

Open နှိပ်ပြီးသွားရင်တော့ Secure Area (Z:\) ဆိုတဲ့ နောက်ထပ် Partition တစ်ပိုင်းထပ်ပေါ်လာ
ပါပြီ။ အဲဒီ Partition (Z:\) ထဲမှာ မိမိ လျှို့ဝှက်စွာ သိမ်းထားချင်တဲ့ Data များကိုသိမ်းဆည်းနိုင်
ပါတယ်။ agent.exe ရှိတဲ့ အပိုင်းကတော့ ပုံမှန် Data တွေ လျှို့ဝှက်ချက်မရှိတဲ့ Data တွေကို
သိမ်းဆည်းထားနိုင်ပါတယ်။

ဒါလေးကတော့ ကွန်ပြူတာရဲ့ ညာဖက်အောက်ကထောင့်နားမှာပေါ်နေတဲ့ agent ဆိုတဲ့ Icon လေးကို
Right Click နှိပ်လိုက်ပါ။မိမိ ဖွက်ထားချင်တဲ့ (Z:\) အပိုင်းလေးကို ပြန်ပြီးပိတ်ချင်တယ်ဆိုရင်
Close Secure Area (Z:\) ကို နှိပ်ပေးပါ။ Exit ကတော့ USB တစ်ခုလုံးကို ပိတ်လိုက်တာဘဲဖြစ်ပါ
တယ်။သေချာနားလည်အောင်ပြောရရင်တော့ USB မှာရှိတဲ့ Partition နှစ်ပိုင်းလုံးကို ကွန်ပြူတာက
နေ ပိတ်လိုက်တာဘဲဖြစ်ပါတယ်။ Save Remove USB ပုံစံမျိုးပါဘဲ။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့
USB ကို နှစ်ပိုင်းပိုင်းပြီး တစ်ပိုင်းမှာ Data တွေဖွက်ထားတဲ့ လုပ်ဆောင်ချက်ပြီးဆုံးသွားပါပြီ။
ကျွန်တော် ပြောတာကို နားမလည်ရင် မရှင်းရင် ပြန်လည်မေးမြန်းနိုင်ပါတယ်။ ဒီ Software လေးက
တစ်ကြိမ်တည်း Install လုပ်ရုံနဲ့ ဘယ်ကွန်ပြူတာမှာမဆို အသုံးပြုနိုင်ပါတယ်။ USB တော်တော်များ
များနဲ့လည်းကျွန်တော်စမ်းသပ်ကြည့်ဖူးပါတယ်။ အားလုံးနဲ့အဆင်ပြေပါတယ်။ Window XP , Vista နဲ့ Window 7 သုံးမျိုးစလုံးမှာအလုပ်လုပ်ပါတယ်။

1                    ဒါကတော့ Password ပြန်ပြောင်းချင်ရင် Password ကိုနှိပ်ပြီးပြောင်းပေးပါ။
2                    ဒီ Software ကို မသုံးချင်တော့ဘူး USB ကို Partition မပိုင်းချင်တော့ဘူး
ဆိုရင် Uninstall ကိုနှိပ်ပေးပါ။ Uninstall မလုပ်ခင် Data တွေကို Backup လုပ်
ထားဖို့ သတိပေးပါရစေ။
အခုလောက်ဆိုရင်တော့ သူငယ်ချင်းများအားလုံးနားလည်းသဘောပေါက်လိမ့်မယ်
လို့ထင်ပါတယ်ဗျာ။ ကိုယ်တိုင်စမ်းသပ်ကြည့်လိုက်ရင်တော့ ပိုပြီးနားလည်းလွယ်ပါလိမ့်
မယ်။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

ITHELPER

Sunday 24 February 2013

ဘလော့စာမျက်နှာကို နံပါတ်လေးတွေနဲ့ ထားကြမယ်

မိမိတို့ဘလော့ ပို့စ်တွေရဲ့ အောက်မှာ  စာမျက်နှာတွေကို နံပါတ်စဉ်လေးတွေနဲ့  ဖန်တီးခြင်သူများအတွက်ပါ...သူကတော့ ကျော်ခွ သွားနိုင်တာပေါ့နော်... လိုခြင်သူ ယူနိုင်ပါတယ်..
အရင်ပလည်း တင်ပေးထားဘူးပါတယ်....
ထည့်နည်းနဲ့ ကုဒ်ကတော့အောက်မှာ ယူလိုက်ပါ...

►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်

ဘလော့မှာ ပုံတွေ(သို့)ကြော်ငြာတွေကို Slideshow နဲ့ထည့်နည်း

ခုတင်တဲ့နည်းလမ်းလေးကတော့  မိမိတို့ဘလော့ပေါ်မှာ ပုံလေးတွေ (သို့) ကြော်ငြာတွေကို လှလှပပနဲ့
စလိုက်ရှိုးပုံစံလေးနဲ့ ထားခင်ြသူများအတွက်  နည်းလမ်းလေးတစ်ခုပါနော်...
အောက်မှာ ထည့်နည်းနဲ့ လိုအပ်တဲ့ ကုဒ်တွေကို တင်ပေးထားပါတယ်...

►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  Expand  Widget  Template  ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

]]></b:skin> ကိုရှာပါ၊တွေ့ပြီဆိုရင်

]]></b:skin> ရဲ့အပေါ်မှာ Cursor ချပြီး အောက်ပါ Code များကူးထဲ့ပြီး Save Template
ကိုနိုပ်ပါ။

နောက်ထပ်....ကျန်ပါသေးတယ်....
►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

Green

Car

Nature

Nsture

Yellow

မှတ်ချက်  ။               ။ အပြာရောင်နဲ့ စာသားတွေနေရာမှာ မိမိတို့ ထည့်လိုတဲ့ ပုံတွေ ကြော်ငြာတွေရဲ့
လင့်ကို ထည့်ပေးရမှာ ဖြစ်ပါတယ်..

ပုံတွေကိုလင့်ယူရန်..... -http://s1323.beta.photobucket.com/
-http://minus.com/
-http://imageshack.us/
သည်ဆိုဒ်တွေမှာ အသုံးပြုနိုင်ပါတယ်...ဗျာ...

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>

အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် www.ninilayy.com/

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း
Saturday, February 23, 2013

မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ
တွေ့ရပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေး
တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Aung Kham (TSJ team)

http://blog.techspace.com.mm/2013/02/youtube.html

TechSpace Journal
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း

မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတ
တွေ့ရပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေး
တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Aung Kham (TSJ team)

ဖုန်းအမျိုးပေါင်း 1020 ကျော် Android versions 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2 ထိ Root လုပ်နိုင်တဲ့ Root Tool အသစ် (SRSRoot New FREE Root tool Version 4.0)

Android ဖုန်းတွေကို နည်းလမ်းပေါင်းစုံနဲ့ Root လုပ်ကြပါတယ်။ Tool တွေကလဲတော်တော်စုံပါတယ်။ တစ်ချက်နှိပ်ရုံနဲ့ Root လုပ်ပေးနိုင်တဲ့ UnlockRoot, SuperOneClick Root, OneClickRoot, S-Tool, M-Tool, ZhuoDaShi ------ စသည်ဖြင့်ရှိကြပါတယ်။ သူ့ဟာနဲ့သူလဲအဆင်ပြေကြပါတယ်။ တချို့ဖုန်းတွေကြတော့လည်း တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့မရပါဘူး။ ဒါကြောင့် Flash လုပ်ကြ၊ CWM သွင်းကြလုပ်ကြရပါတယ်။ အလုပ်ရှုပ်တဲ့အပြင် အဆင်မသင့်ရင် Firmware တောင်ကျသွားတယ်။ တချို့ဆိုရင် BootLoader Unlock Code တောင်းရပါသေးတယ်။ ဒီတော့တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့ရတဲ့ Tool လေးတွေကလူသုံးများပြီးပိုစိတ်ချရပါတယ်။ UnlockRoot ဆိုတော်တော်လေး ကောင်းပြီးအသုံးများကြပါတယ်။ ခုလည်း Root Tool လေးတစ်ခုတွေ့ပြန်ပါပြီ။ SRSRoot လေးပါ။ (7.3 MB) ရှိပါတယ်။ Root နည်းကလဲထုံးစံအတိုင်း၊ Phone မှာ Unknown Source နဲ့ USB Debug လုပ်၊ ဖုန်းကိုကွန်ပျူတာမှာတပ်၊ Driver သိအောင်လုပ်၊ SRSRoot ကို RUN, Root Device နှိပ်။ ဒါပါပဲ။ သူလေးကလည်း 23 February 2013 နေ့ထိ ဖုန်းအမျိုးမျိုး 1020 (Android version)ကျော်ကို Root လုပ်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်----

စာရင်းကရှည်တော့ ဒီမှာ ပဲ သွားကြည့်ကြတော့ဗျာ..
Download Links:

Download Here ! and
Download Here !

Credit to: မောင်ပေါက် ရဲဆိုဒ်မှ ကိုမျိုးမင်းထွန်းရဲ့ပို့စ်

Share

Twitter Delicious Facebook Digg Stumbleupon Favorites More