ယထာ အာရောဂျ ၊ ယောဗ္ဗနံ ဗျာဓိ ဇရာ ပရောသိတံ ။ ဧ၀ံ ဟိ ဇိဝိတံ သဗ္ဗံ ၊ မရဏပ္ပရိယောသိတံ ။

Wednesday 14 March 2012

Photo.DVD.Maker.Pro.8.35 + Keygen




ကျွန်တော်အခု Photo DVD Maker လေးတစ်ခု ထပ်တင်ပေးလိုက်ပါတယ် .. မိမိတို့ရဲ့ ဓာတ်ပုံလေးတွေ ကို ပဲဖြစ်ဖြစ် ၊ ဓာတ်ပုံလေးတွေနဲ့ Slide Show လေးတွေ ပြုလုပ်ပြီး DVD ပြန်ထုတ်ချင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် အလွယ်တကူ ဆောင်ရွက်နိုင်ဖို့ အတွက် အခုကျွန်တော် တင်ပေးလိုက်တဲ့ Photo.DVD.Maker လေးက အထောက်အကူ ပြုမယ်လို့ ထင်ပါတယ် .. အထဲမှာ မိမိတို့ သုံးချင်တဲ့ Effect လေးတွေကို လွယ်လွယ်ကူကူ အသုံးပြုပြီး ဖန်တီးနိုင်မှာ ဖြစ်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Full Version လေးအသုံးပြုလို့ ရအောင် Keygen လေးပါ ထည့်ပေးထားပါတယ် .. Keygn လေးကို ဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ အော်ကမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ .. 

အပေါ်က ပုံအတိုင်း  Register ကိုနှိပ်လိုက်လို့ Register Box လေးကျလာပြီ ဆိုရ်ငတော့ Keygen လေးကို ဖွင့်လိုက်ပါ .. ပြီးရင် အော်ကမှာ ပြထားတဲ့ အတိုင်း Copy ကူးလိုက်ပါ ..

ပြီးရင် အော်ကမှာ ပြထားတဲ့အတိုင်း ထည့်ပေးပြီး  Active ပေးလိုက်ပါ .. 
အပေါ်က ပုံအတိုင်း ပေါ်လာလို့ OK  ပေးပြီးသွားပြီ ဆိုရင်တော့ Photo.DVD.Maker.Pro.8.35 ကို Pro Version လေးနဲ့ အသုံးပြုလို့ ရသွားပါ လိမ့်မယ် .. 


အားလုံးပဲ အဆင်ပြေကြပါစေ.......nayminmg

Local Area Network အတွင်း Printer Sharing ပြုလုပ်ခြင်း ( Windows 7 )




ကျွန်တော် ဒီနေ့ Local Area Network ထဲမှာ ရှိတဲ့ Client Computer အချင်းချင်း Printer Sharing လုပ်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေး သွားပါမယ် .. မိမိတို့ အဓိကထားပြီး အသုံးပြုချင်တဲ့ ကွန်ပျူတာ တစ်လုံးမှာ Printer ကိုတပ် ဆင်ထားပြီး မိမိရဲ့ Local Area Network အတွင်းမှာ ရှိတဲ့ တစ်ခြားသူများပါ .. မိမိကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Printer ကိုလှမ်းပြီး အသုံးပြုနိုင်စေဖို့ အတွက် Printer Sharing ပြုလုပ်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. ကျွန်တော် Windows 7 အသုံးပြုတဲ့ ကွန်ပျူတာ အချင်းချင်း စမ်းပြီး ရေးပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော် မသိသေးတဲ့ သူများ အဆင်ပြေပြေနဲ့ လုပ်တက်သွားအောင် အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် .. 

အရင်ဆုံး  မိမိတို့ ပရင်တာ တပ်ဆင်မဲ့ ကွန်ပျူတာမှာ ဘာတွေ ပြင်ဆင်ဖို့ လိုအပ်လည်းဆိုတာကို အရင်ဆုံး ရေးပေး သွားပါမယ် .. 
ပထမဦးစွာ မိမိတို့ Printer တပ်ဆင်ပြီး အသုံးပြုမဲ့ ကွန်ပျူတာမှာ မိမိတို့ အသုံးပြုမဲ့ Printer ကို တပ်ဆင်လိုက်ပါ .. ပြီးရင်  Start ကိုနှိပ်ပြီး Devices and Printer ကိုသွားလိုက်ပါ .. 
အောက်က ပုံအတိုင်း မိမိတို့ စက်မှာ တပ်ဆင်ထားတဲ့ Printer ကိုတွေ့ပြီ ဆိုရင် အဲ့ဒီကောင်လေးပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Printer Properties ကိုသွားလိုက်ပါ .. တကယ်လို့ ဒီအဆင့်မှာ မိမိတို့ တပ်ဆင်ထားတဲ့ Printer ကို မတွေ့ဘူးဆိုရင်တော့ မိမိတို့ ကွန်ပျူတာမှာ Printer Driver Run ပေးဖို့ လိုလို့ ဖြစ်ပါလိမ့်မယ် ..
ပြီးရင် အောက်က ပုံအတိုင်း Sharing ကိုသွားပြီး Sharing Printer ကို အမှန်ခြစ်လေး ပေးလိုက်ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ပါ .. ဒါဆိုရင်တော့ မိမိတို့ Printer ကို Sharing လုပ်ပြီး သွားပြီ ဖြစ်ပါတယ် ..
မိမိရဲ့ Network ထဲမှာ သွားပြီး ကြည့်လိုက်ပါ .. အောက်ကပုံအတိုင်း Share ပေးထားတာ တွေ့ရပါလိမ့်မယ် ..
အပေါ်မှာ ပြထားတဲ့ အဆင့်တွေ အတိုင်း Printer တပ်ဆင်ထားတဲ့ စက်က Sharing ပေးပြီး သွားပြီ ဆိုရင်တော့ တစ်ခြား Network ထဲမှာ စက်တွေကနေ Printer ကို လှမ်းယူ အသုံးပြုနိုင်အောင် ဘယ်လို ပြင်ဆင်ဖို့လိုအပ်တယ် ဆိုတာကို ရေးပေးမှာ ဖြစ်ပါတယ် .. 
အရင်ဆုံး အပေါ်မှာ သွားခဲ့သလိုပဲ Start ကိုနှိပ်လိုက်ပါ .. ပြီးရင် Devices and Printer ကိုသွားလိုက်ပါ .. 
အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Network ထဲ Printer ထပ်ဆင်ထားတဲ့ ကွန်ပျူတာကနေ Share ပေးထားတဲ့ Printer ကို လှမ်းပြီး အသုံးပြုနိုင်ဖို့ အတွက် မိမိရဲ့စက်မှာ Add လုပ်ပေးဖို့ လိုအပ်တဲ့အတွက် ပထမဦးစွာ Add a printer ကို နှိပ်လိုက်ပါ ..
အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Network အတွင်းမှာ အသုံးပြုထားတဲ့ Printer ကို အသုံးပြုမှာ ဖြစ်တဲ့ အတွက် Add  a network , wireless or Bluetooth printer ကို နှိပ်လိုက်ပါ .. 
တကယ်လို့ Sharing ပေးထားတဲ့ Printer က ပေါ်မနေဘူး ဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း The Printer that i want isn't listed ကို နှိပ်လိုက်ပါ ... တကယ်လို့ Sharing ပေးထားတဲ့ Printer ပေါ်နေတယ် ဆိုရင်တော့ အဲ့ဒီကောင်လေးကို ရွေးပြီး Next ပေးလိုက်ယုံပါပဲ ..
အောက်က ပုံမှာ ပြထားတဲ့အတိုင်း ပေါ်လာပြီ ဆိုရင် Network ထဲမှာ Sharing ပေးထားတဲ့ Printer ကို  Browse ကနေတစ်ဆင့် သွားပြီး ရွေးချယ်ပေးလိုက်ပါ ..
အောက်က ပုံအတိုင်း ရွေးချယ်ပြီးသွားပြီ ဆိုရင်တော့ Next ပေးလိုက်ပါ ..
ထပ်ပြီးတော့ Next ပေးလိုက်ပါ ..
အပေါ်က အဆင့်အတိုင်း နောက်ပေးပြီးလို့ နောက်တစ်ဆင့် Finish ပေးပြီး သွားပြီ ဆိုရင်တော့ အောက်က ပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့စက်မှာ Share ပေးထားတဲ့ Printer ကိုတွေ့ရမှာ ဖြစ်ပါတယ် .. ဒါဆိုရင် တစ်ခုခုကို မိမိက Print ထုတ်ချင်တယ် ဆိုရင် Priner တပ်ထားတဲ့ စက်စီ သွားနေစရာမလိုပဲ မိမိစက်ကနေ လှမ်းပြီး ထုတ်လို့ ရသွားမှာ ဖြစ်ပါတယ် ..
ပရင့်ထုတ်တော့မယ် ဆိုရင်တော့ အောက်ကပုံအတိုင်း Printer မှာ မိမိယူပြီး အသုံးပြုမဲ့ Share ပေးထားတဲ့ Printer ရဲ့ အမည်ကို ရွေးချယ်ပေးဖို့ လိုပါလိမ့်မယ် .. ဒါမှသာ Print ထုတ်လို့ရမှာ ဖြစ်ပါတယ် ..

ဒါဆိုရင်တော့ Printer တပ်ဆင်ထားတဲ့ စက်နှင့်အတူ Network အတွင်းမှာ ရှိတဲ့ Client စက်အချင်းချင်း Printer Sharing ပြုလုပ်ပြီး အသုံးပြုနိုင် သွားပြီ ဖြစ်ပါတယ် .. အောက်ကပုံမှာ မိမိတို့ Printer ထုတ်ချင်တဲ့ ကောင်တွေကို အစဉ်လိုက် ထုတ်ပေးသွားမှာ ကိုတွေ့ရမှာ ဖြစ်ပြီး  Printer တပ်ဆင်ထားတဲ့ စက်ကိုတော့ အမည်ကို ဖော်ပြပေးမှာ ဖြစ်ပြီး ..  Network အတွင်းမှာ ရှိတဲ့ တစ်ခြား စက်တစ်လုံးက ထုတ်မယ် ဆိုရင်တော့ Guest  ဆိုပြီး ဖော်ပြေပေးမှာ ဖြစ်ပါတယ် ..
ဒီလောက်ဆိုရင်တော့ အားလုံးပဲ Local Area Network အတွင်းမှာ ရှိတဲ့ Computer အချင်းချင်း Printer Sharing ပြုလုပ် တက်သွားလိမ့်မယ်လို့ ထင်ပါတယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ....nayminmg

Saturday 3 March 2012

How to remove Facebook Timeline (facebook timeline ကို ပြန်ဖြုတ်ချင်ရင်)




Facebook Timeline ကိုမသုံးချင်တော့လို့ပါတဲ့ ..။
 မေးနေတဲ့ သူငယ်ချင်းတွေ များနေလို့ ဒီနေ့ မွှေနှောက်ကြည့်တာ ဒါလေးတွေ့လာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ..။

ပထမဆုံး   ဒီ  http://www.timelineremove.com/  
 နေရာ လေးကို နှိပ်လိုက်ပါ...။

 
 အဲ့ဒီမှာ ကိုယ်နဲ့ ဆိုင်တဲ့   Browser လေးက မှိတ်တုတ်မှိတ်တုတ် နဲ့ လှုပ်ရှားနေပါလိမ့်မယ် .. Click လိုက်ပါ ..။ ကျနော် Chrome Browser နဲ့ စမ်းကြည့်လိုက်တာတော့ အောက်ကပုံ အတိုင်းပါပဲ... Safari Browser မှတော့ မရပါဘူး...။


ပြီးတော့ install ဆိုတာလေးကို click လိုက်တော့ Chrome Browser မှာ add on လေးတခု အဖြစ် ရောက်လာပါတယ် ..။


အားလုံးပြီးသွားရင်တော့ မိမိ ရဲ့ Facebook ကို ပြန်ဖွင့် ကြည့်လိုက်ကြပါတော့ဗျာ...။ ကျန်တဲ့ အဆင့်တွေကိုတော့
  ကျနော် ကိုယ်တိုင် Facebook မှာ Timeline ကို သုံးမထားတဲ့ အတွက်ကြောင့် စမ်းမကြည့်လိုက်ရပါဘူး... လိုအပ်တာများရှိခဲ့ရင် နားလည်ပေးကြပါခင်မျာ...။ အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ...။

babylon pro 9.0.4.r10 Full Version 5.72MB



Babylon Pro v9.0.3 r23 Portable

ကမ္ဘာကျော်တဲ့ Dictionary  လေးပါ..။
နောက်ဆုံး Update Full Version ကိုမှ သုံးချင်တဲ့သူများ အသုံးပြုနိုင်အောင်  ပြန်လည် မျှဝေ ပေးလိုက်ပါတယ် ...။ မြန်မာလိုပေါ်အောင်တော့ အသုံးပြုတတ်ကြမယ်ထင်ပါတယ်....လိုအပ်တာတွေအားလုံးလဲ ပါပြီးသားပါ...။


Download Babylon 9.0.4.r10 Full 5.72MB

အဆင်မပြေတာရှိခဲ့ရင် C-box , Facebook Wall ,Comment တနေရာရာကနေ ပြောသွားခဲ့ပါ ကျေးဇူးတင်ပါတယ်..။

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)

Friday 2 March 2012

file တွေကို ကူးတဲ့ နေရာမှာ မြန်ဆန်စေမည့် tear copy 2.12


ကွန်ပျူတာကနေ flash drive, sd card, phone, external HDD, စတဲ့ device တွေကို copy ကူးရင်ဖြစ်ဖြစ်၊ အဲ့ဒီ့ device ကနေ ကွန်ပျူတာထဲကို copy လုပ်ရင်ပဲဖြစ်ဖြစ် အရမ်းကို မြန်ဆန်စေမယ့် software ဖြစ်ပါတယ်။ သီချင်းသွင်းတဲ့သူ software တွေ ကူးပေးတဲ့သူတွေ၊ data တွေကို copy ကူးတဲ့သူတွေအတွက် မရှိမဖြစ် တင်ထားရမယ့် software ဆိုရင်လည်း မမှားပါဘူး။ ရိုးရိုးအတိုင်း သာကူးနေမယ်ဆိုရင်တော့ အရမ်းကြာတယ်ဆိုတာ အားလုံးပဲ သိကြမယ်လို့ ထင်ပါတယ်. ကျွန်တော့်စက်မှာလည်း အမြဲ တင်ထားတဲ့ software ဖြစ်ပါတယ်။ကူးတာ မြန်တယ် မမြန်ဘူးဆိုတာတော့ လက်တွေ့ စမ်း ကြည့်လိုက်ရင် သိပါလိမ့်မယ်. ကျွန်တော် သုံးနေတဲ့ software ဆိုရင်တော့ အားလုံးပဲ စိတ်ချလက်ချနဲ့ သုံးရဲလိမ့်မယ်လို့ မျှော်လင့်ပါတယ်. file size သေးရင် မသိသာပေမယ့် size ကြီးတွေကို copy, paste လုပ်တဲ့အခါမှာတော့ လုံးဝသိသာသွားပါလိမ့်မယ်. ပြီးတော့ နောက်ပိုင်း ကျွန်တော် tutorial movie တွေ တင်ပေးတဲ့အခါမှာ ဒီ software နဲ့ လုပ်ပြ ကူးပြတာတွေ ပါလာပါလိမ့်မယ်. အဲ့အချိန်ကျရင် ဘယ်လိုကြီးလဲဟ လုပ်ပြတာလို့ မထင်ရလေ အောင် ကြိုပြီးတော့ တင်ပေးလိုက်တာဖြစ်ပါတယ်. ရှင်းပြတဲ့အချိန် အရမ်းကြာသွားရင် ဆိုက်ကြီးသွားမှာစိုးလို့ အမြန်ဆုံး ရှင်းပြပြီး record လုပ်ထားတာ ဖြစ်တဲ့အတွက် တစ်ခေါက်နဲ့ မရှင်းရင် နှစ်ခေါက် ပြန်ကြည့်ပေးပါ. အခု software က ထည့်တတ်တဲ့သူနဲ့ မထည့်တတ်တဲ့သူအတွက် ခွဲထားတာပါ. software က သတ်သတ်၊ ရှင်းပြချက် video ဖိုင်က သတ်သတ် ခွဲတင်ထားပေးပါတယ်.

Tearcopy software အား Download လုပ်ရန်
ifile.it | Mediafire | Mirrorcreator

လုပ်နည်းရှင်းပြထားသည့် video နှင့် အသံဖိုင်အား Download လုပ်ရန်
ifile.it | Mediafire | Mirrorcreator
      source: nyinaymin

Share

Twitter Delicious Facebook Digg Stumbleupon Favorites More