ယထာ အာရောဂျ ၊ ယောဗ္ဗနံ ဗျာဓိ ဇရာ ပရောသိတံ ။ ဧ၀ံ ဟိ ဇိဝိတံ သဗ္ဗံ ၊ မရဏပ္ပရိယောသိတံ ။

Friday 30 December 2011

Portable Autodesk AutoCAD 2010 Update-2011


ဘလော့မိတ်ဆွေများအတွက် Portable Autodesk AutoCAD 2010 Update-2011 ကိုတင်ပေးလိုက်ပါ တယ်. portable လေးဖြစ်တဲ့အတွက် မိတ်ဆွေများ အတွက် ပိုပြီးအဆင်ပြေမယ်ထင် ပါ တယ်.. ဖိုင်ဆိုဒ်ကတော့ ( 180 MB ) ရှိပါတယ်. အသုံးပြုချင်တဲ့ မိတ်ဆွေများ  အောက်မှာ download ယူနိုင်ပါတယ်...

Download:

 

Filesonic site မှာ IDM ဖြင့် Download ယူနည်း



ဒါကတော့ filesonic မှာ IDM ( internet download manager ) က အလုပ်မလုပ်ဘူးဆိုတဲ့ ညီလေးတယောက် မေးလာလို့ မသိသေးတဲ့ မိတ်ဆွေများလည်း ပြုပြင်အသုံးပြုနိုင်အောင်တင်ပေးလိုက်တာပါ။ သိပြီးပြီဖြစ်တဲ့ မိတ်ဆွေများအနေနဲ့  ကျနော့်ဘလော့ကိုလာလည်တာ အချိန်ကုန်တယ်လို့ တော့ မယူဆပါနဲ့ လို့  ကျနော် တောင်ပန်းပါတယ်. အပေါ်ကပုံလေးကတော့  IDM ကိုအသုံးပြု ပြီး filesonic မှ download ယူနေတဲ့ပုံ ဖြစ်ပါတယ်.ပြုပြင်နည်းကတော့မခက်ပါဘူး.အောက်မှာ ကျနော်ပြောတဲ့အတိုင်း ပြုလုပ်လိုက်ပါ။

၁။ IDM ကို မိမိစက်ထဲမှာအသုံးပြုမယ်ဆိုရင် ပြုပြင်ရမယ့်နည်းလေးတွေရှိပါတယ်. ကျနော်က mozilla firefox မှာ ပြုပြင်တဲ့နည်းလေးကိုပြောပြပါ့မယ်. IDM ကို မိမိစက်ထဲမှာ install လုပ်ပြီးရင် mozilla မှာ add-ons ထည့်သွင်းရပါမယ်။အောက်မှာပေးထားပါတယ် ယူလိုက်ပြီး install လုပ်ပြီး mozilla ကို restart ချလိုက်ပါ။

http://www.internetdownloadmanager.com/idmmzcc/idmmzcc.xpi

၂။ ပြီးရင် မိမိတို့ download ယူမယ့် filesonic.com ကို premium account ဝင်လိုက်ပါ။

၃။ အပေါ်မှာပြင်ဆင်ပြီးတာတွေပြီးသွားရင် filesonic မှာ download ယူကြည့်ပါမယ်. Filesonic site မှာ premium account ဝင်ပြီးသားဆိုရင် filesonic download link မှာ click ( သို့ ) Right Click / Download With IDM ကို Click ပေးလိုက်ရင် IDM က Automatic download ယူပေးပါလိမ့်မယ်.

နောက်တစ်နည်းကတော့ IDM ရဲ့ ဖိုင်ထဲမှာပြင်တဲ့နည်းပါ။


အပေါ်ကပုံလေးအတိုင်း IDM ကိုဖွင့်လိုက်ပါ.ဝိုင်းထားတဲ့ Download/ options ကိုသွားလိုက်ရင် internet download manager configuration ဘောက်ကျလာရင် sites logins / New ကိုထပ်သွားပါ။ ပြီးရင် အောက်ကပုံလေးအတိုင်း filesonic premium account ကို ဖြည့်ပေးလိုက်ပါ။( နေ့ စဉ် )


ဒီနည်းကတော့ မိမိတို့ download ယူချင်တဲ့ ဆိုဒ်တွေရဲ့  download link ပေါ်မှာ Right Click / Download With IDM ကို Click ပေးလိုက်ရင် ရပါပြီး။

ကျေးဇူးတင်ပါတယ်...
                                               

နေမင်းခေတ်( နည်းပညာ )

      

Portable Kaspersky Virus Removal Tool 11.0.0.1245 [23.12.2011] ML




      Portable Kaspersky Virus Removal Tool 11.0.0.1245 [23.12.2011] ML | 103 Mb
ဒါကတော့  23.12.2011 နေ့ ထွက် kaspersky ချစ်သူများအတွက် ဖြစ်ပါတယ်.အောက်မှာ download ယူနိုင်ပါတယ်...



 
နေမင်းခေတ်

Internet Download Manager v6.07 build 15 (just double click)



just double click ဆိုတဲ့အတိုင်းပါပဲ ဘာမှထပ်လုပ်ပေးစရာ မလိုတော့ပါဘူး...။ ဒေါင်းယူပြီး Zip ဖိုင်လေးကို ဖြည်ပြီး Run ပေးလိုက်ရုံပါပဲခင်မျာ...။
IDM နဲ့ အမြဲတမ်း ပြဿနာတတ်နေတဲ့ သူငယ်ချင်းများအတွက်တော့ အဆင်ပြေစေမှာပါ....။
just double click ဆိုတဲ့အတိုင်းပါပဲ ဘာမှထပ်လုပ်ပေးစရာ မလိုတော့ပါဘူး...။ ဒေါင်းယူပြီး Zip ဖိုင်လေးကို ဖြည်ပြီး Run ပေးလိုက်ရုံပါပဲခင်မျာ...။
IDM နဲ့ အမြဲတမ်း ပြဿနာတတ်နေတဲ့ သူငယ်ချင်းများအတွက်တော့ အဆင်ပြေစေမှာပါ....။
 
Installation instructions:
1. Download Internet Download Manager Now / Uninstall oldest version – reboot OS
2. Un Zip and run exe file (just double click)
3. Run Internet Download Manager (IDM) from your start menu
4. Have fun!

ကဲ....စိတ်ဝင်စားရင်တော့...


အားလုံးပျော်ရွှင်ကြလိမ့်မယ်လို့လဲမျှော်လင့်ပါတယ်...။
source...winkabarkyaw

Monday 5 December 2011

right click မရသော (သို့) copy ကူးခွင့်ပိတ်ထားတာကို ကူးချင်ရင်

အချို့ web page တွေမှာ right click (သို့) left click ကို kill ထားတတ်ကြပါတယ်။ အထူးသဖြင့် အင်တာနက်မှတဆင့် ရောင်းဝယ်ရေးလုပ်သည့် page များမှာ သုံးတတ်ပါတယ်။ စာတွေကိုဖော်ပြထားပြီး မကူးယူနိုင်အောင် kill ထားတတ်ကြပါတယ်။ တချို့ဘလောဂ့်နဲ့ စာမျက်နှာတချို့က လိုက်ပြီး right click ထောက်လို့မရအောင်၊ copy ကူးလို့မရအောင် လုပ်ထားတတ်ကြပါတယ်။ အကယ်၍ အဲ့လို စာမျက်နှာမျိုးတွေနဲ့တွေ့ချိန်မှာ ကူးချင်ရင်တော့ ...

၁။ right click မရသော (သို့) copy ကူးခွင့်ပိတ်ထားသော စာမျက်နှာကို ဖွင့်လိုက်ပါ။

၂။ အဲ့ဒီ စာမျက်နာ လုံးဝ ကောင်းကောင်းပေါ်လာပြီဆိုရင် အပေါ်က address bar မှာ ရှိနေတဲ့ မူရင်း address နေရာမှာ (မူရင်း address ကို ဖျက်ပြီး) အောက်က စာကြောင်းကို copy & paste လုပ် ပြီး Enter ခေါက်လိုက်ပါ။

javascript: document.body.contentEditable='true';document.designMode = 'on' ; void 0

၃။ ပြီးရင် right click ထောက်လို့ရရုံမျှမက အကုန်လုပ်လို့ရတာကို တွေ့ရပါလိမ့်မယ်။

Top 5 Best Free Anti-Virus



virus ပြဿနာကလည်းမကင်းသေးဘူး.. antivirus ကလည်း ဝယ်မသုံးနိုင်သေးဘူးဆိုတဲ့ သူငယ်ချင်းများအတွက်...
အတော် နာမည်ရပြီး ကောင်းမွန်တဲ့ free antivirus တွထေဲက ၅ ခုကို ရှာပေးလိုက်ပါတယ်။

Microsoft Security Essentials


Microsoft Security Essentials ဆိုတာ တခြားတော့မဟုတ်ပါဘူး။ ကျနော်တို့ လက်ရှိသုံးနေတဲ့ window စနစ်ကိုထုတ်လုပ်ပေးထားတဲ့
Microsoft ကနေပဲ ထုတ်လုပ်တာဖြစ်ပါတယ်။ သူက ဘာလို့ နံပါတ် ၁ ဖြစ်လာလဲဆိုတော့ window စနစ်ကို ထုတ်ပေးတဲ့ ကုမ္မဏီကပဲ
အဲ့ဒီ window ကို ကာကွယ်ဖို့ antivirus ကို ထုတ်တာဆိုတော့ လုံခြုံစိတ်ချရမှုမှာတော့ အထူးပြောစရာမလိုတော့ပါဘူး။
သူ့ window အတွက် သူ့ antivirus က ကောင်းကောင်းကာကွယ်နိုင်တာကတော့ အသေအချာပါပဲဗျာ......

AVG Free Antivirus

 

Avira Free Antivirus


 
Download Avira free Antivirus


Avast! Free Antivirus
Malwarebytes free Antivirus



ကျနော်ရှာတွေ့ထားတာကတော့ ဒီလောက်ပဲ Antivirus အတွက် လိုအပ်နေတဲ့သူတွအေတွက် အဆင်ပြေစေဖို့ပါ။

source :http://sawsan.freehostingcloud.com

Zawgyi to Unicode to Zawgyi Converter (JZ2UFileConverter)

မြန်မာစာသည် စနစ်ကျသော ယူနီကုဒ်စာလုံးများကို အသုံးပြုရန် ပြောင်းလည်း၍လာနေ၏။ အသုံးပြုသင့်သည်မှာ ကြာပြီဖြစ်၏။ သို့ရာတွင် ယနေ့တိုင်မပြောင်းသေးသူများလည်း များစွာရှိ၏။ ဘာကြောင့်မပြောင်းသေးသနည်းဟု မေးလျှင် ရေးထားသောစာများကို ပြောင်းလည်းရန်ခက်ခဲလို့၊ ယူနီကုဒ်ကိုသုံးရင် ဘရောင်ဇာတွေဟိုပြောင်းဒီပြောင်း ရှုပ်လို့၊ အစရှိသဖြင့် အကြောင်းပြချက် အမျိုးမျိုးရှိကြ၏။ အကြောင်းအချက်အားလုံးကို ဖြည့်စွမ်းပေးနိုင်စွမ်း မရှိနိုင်တောင် ရေးထားသောစာများကို ပြောင်းလည်းရလွယ်ကူစေရန် ရည်ရွယ်၍ ဤ JZ2UFileConverter ကို ရေးသားခဲ့၏။ အထဲတွင် ရေးသားထားသော ပြောင်းလည်းခြင်း လော့ဂျစ်များမှာ ကိုငွေထွန်းရေးသားထားသော javascript လော့ဂျစ်များကို တိုက်ရိုက်အသုံးပြုထားပါသည်။



လုပ်နိုင်စွမ်းများ

  1. ဇော်ဂျီဖြင့်ရေးသားထားသော ဖိုင်များအား ယူနီကုဒ်အဖြစ်ပြောင်းလည်းနိုင်ခြင်း
  2. ယူနီကုဒ်ဖြင့် ရေးသားထားသော ဖိုင်များအား ဇော်ဂျီဖိုင်များအဖြစ် ပြောင်းလည်းနိုင်ခြင်း
  3. Source ဖြင့် Folder ကို ရွေးချယ်ပါက Folder ၏အောက်တွင်ရှိသော ပြောင်းလည်းနိုင်သည့် ဖိုင်များအားလုံးကို ပြောင်းလည်းပေးနိုင်မည် ဖြစ်သည်
  4. Source ဖြင့် ဖိုင်ကို ရွေးချယ်ပါက ဖိုင်ကို ပြောင်းလည်းပေးမည် ဖြစ်သည်
  5. တဖန် ဖိုင်ကို ရွေးချယ်ရာ၌ ctl+ ဖြင့်ဖိုင်များကို တစ်ပြိုင်နက်တည်း ရွေးချယ်ပြောင်းလည်းနိုင်မည် ဖြစ်သည်

ပြောင်းလည်းပေးနိုင်သော ဖိုင်အမျိုးအစားများ

  1. txt, csv, tsv
  2. html, htm, xml
  3. jsp, asp
  4. java, py, js, php
  5. dump

သုံးပုံသုံးနည်း

  1. ဒေါင်းလုဒ်ဆိုဒ်မှ Zip ဖိုင်အား ဒေါင်းလုဒ်လုပ်ယူပါ
  2. ဒေါင်းလုဒ်လုပ်ထားသော Zip ဖိုင်အား ပြန်ဖြည်ယူပါ
  3. တွေ့ရသော exe ဖိုင်ကို double click နှိပ်ပါက JZ2U Application Window ကို တွေ့မြင်ရမည်ဖြစ်သည်။
  4. ဦးစွာ Source နေရာတွင် ပြောင်းလည်းရန် ဖိုင်များ၊ သို့မဟုတ် ဖိုင်များ၏ နေရာကို ဖြည့်စွက်ပါမည်။ Source ကို သက်မှတ်ရာတွင် Text Box ၏ နောက်တွင်ရှိသော Folder ပုံ ခလုပ်ကိုနှိပ်၍ File Chooser ကို အသုံးပြုနိုင်၏။
  5. တဖန် Target နေရာတွင် ပြောင်းထားပြီးသော ဖိုင်များ၏ သိမ်းဆည်းရန် နေရာကို ဖြည့်စွက်ပေးရပါမည်။ File Chooser ကို အသုံးပြုနိုင်ပါသည်။
  6. ပြီးလျှင် ပြောင်းလည်းလိုသည့် ပုံစံကို ရွေးချယ်ရပါမည်။ ဇော်ဂျီမှ ယူနီကုဒ်သို့၊ ယူနီကုဒ်မှ ဇော်ဂျီသို့ ရွေးချယ်နိုင်ပေသည်။
  7. နောက်ဆုံးတွင် Convert ခလုပ်ကိုနှိပ်ပါကSourceတွင် သတ်မှတ်ထားသော ဖိုင်များကို သတ်မှတ်ထားသည့်အတိုင်း စာလုံးကုဒ်ပြောင်းပြီး Target တွင်သတ်မှတ်ထားသော နေရာအောက်တွင် အမည်အသစ်ဖြင့် သိမ်းဆည်းပေးနိုင်မည် ဖြစ်သည်။

ပတ်ဝင်းကျင်လိုအပ်ချက်

  1. ဝင်းဒိုး XP, Vista, Window7
  2. Java SE 6 နှင့် အထက်
  Zawgyi to Unicode to Zawgyi Converter လေးကို   ဒီမှာ ဒေါင်းယူနိုင်ပါတယ်

မူရင်း။ ။ mit-word

Friday 25 November 2011

Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်း


အချိန်ရတာနဲ့ Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်းအခြေခံလေးတွေကို ဗွီဒီယိုဖိုင်နဲ့ရှင်း ပြထားပါတယ်။ ဒီဗွီဒီယိုတည်းဖြတ်နည်း tutorial ကို အခြေခံပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဗွီဒီယိုဖိုင်လေးနဲ့ ဗွီဒီယိုတည်းဖြတ်လိုသူများအတွက် အထောက်အကူအနည်းငယ်ဖြစ်တယ်ဆိုရင်ပဲ ကျနော် ကြိုးစားတင်ပြရကျိုးရှိတယ်လို့ဆိုရမှာပါ။ Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်း အပိုင်း (၁)Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်း အပိုင်း (၂)Corel Video Studio Pro X3 Tutorial...
Read more

Wednesday 23 November 2011

Audio Sound အသံပိုင်းပြဿနာဖြေရှင်းနည်း


ဒီတော့ပစ်ကို စီဘောက်စ်မှာမကြာကြာမေးနေတာတွေ့ရတယ်။ အမှန်က တစ်ခြားဆိုက်မှာလည်းအသံပိုင်းပြဿနာ
များအ တွက်ဖြေရှင်းချက်တွေတင်ထားတာအများကြီးပါ။ ဒါပေမယ့် ကျနော်ဆီမှာလာမေးတော့ကိုယ့်နည်းကိုယ့်
ဟန်နဲ့ ထပ်ပြီးအ ဖြေတစ်မျိုးလေးနဲ့လုပ်ကြည့်တာပေါ့။ အဆုံးသတ်ပုံလေးကတော့ တူတူလောက်ပါပဲ။ အပိုင်း (၂)
ပိုင်းဖြင့် ကျနော်ခွဲပြီးရှင်း ပြချင်ပါတယ်။

အပိုင်း (၁)
အခု Window 7 Feature အခြေခံပြီးပြောတာပေါ့။ အဖြစ်နိုင်ဆုံး sound ပြဿနာက Device Driver ပါပဲ။
အဲဒါဆိုDriver ကို မိမိလက်ရှိသုံးနေတဲ့ OS (Operation System) နဲ့ ကိုက် မကိုက် Check up စစ်ဆေးမယ်။
My Computer> Right Click> Manage> ကိုနှိပ်၊ ထိုနောက် Computer Management ဘောက်
စ်ပေါ်လာမည်။ ပြီးရင် Device Manager ကို click နှိပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါပုံအတိုင်း Device Manager
ဘောက်စ်ပေါ်လာမည်။

ညာဖက်က Sound Device ကိုကြည့်လိုက်ပါ။ Question Mark, Exclamation, အ၀ါရောင်တွေရှိနေသလား။
အဲဒါတွေရှိလျှင် sound device Driver ပြဿနာရှိနေတာသေချာသည်။
အဲဒါဆို မိမိစက်နဲ့ကိုက်ညီမယ့် Audio Driver တွေကို ပြန်တင်ရမယ်၊ ဒါမှဟုတ် Driver ကို updateလုပ်ခြင်း
အားဖြင့်၎င်းပြဿနာတွေကို ပြေလည်သွားစေနိုင်တယ်။ Driver update လုပ်နည်းတွေကိုတော့ ကျနော်
ဆက်ပြီးမရေးတော့ပါ။

အပိုင်း (၂)
အထက်ပါ Sound Device ပြဿနာမရှိဘူး။ ဒါပေမယ့် sound အသံက မလာသေးဘူးဆိုလျှင် Window
မှာပါတဲ့Sound Feature တွေကို ထပ်မံစစ်ဆေးရအောင်။
Control Panel > Sound ဒါမှမဟုတ် Task Bar > Sound icon ကို Right Click > Sound
ကိုနှိပ်ပါ။ကျနော်အောက်မှာပြမယ့် ပုံအတိုင်းလိုက်ပြီး မိမိ Sound Feature တွေစစ်ဆေးလိုက်ကြ
ရအောင်...

(၁) Sound Menu တွင် Playback ကိုနှိပ်၊ ပြီးတော့ Speaker/Headphone (ဒီနေရာမှာ usb head
pnoeတပ်ထားရင် usb headphone ပါပေါ်မည်) ကိုတစ်ချက်ရွေးပြီး Properties ကိုဆက်နှိပ်ပါ။


(၂) Speaker/Headphone Properties ဘောက်စ်ပေါ်လာရင် Properties ကိုတစ်ချက်နှိပ်ပြီး ၎င်းရဲ့
Driverအလုပ်၊ မလုပ် ညာဖက်ဘောက်စ်အတိုင်း စစ်ဆေးကြည့်နိုင်သည်။ ပြီးတော့ အောက်ခြေက Device
Usageအကွက်တွင် use this device enable or disable စစ်ဆေးပြီး enable ကိုရွေးပြီး apply > OK


(၃) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Custom > PC Spk Mute ရဲ့လေးထောင့်
ကွက်အမှန်ခြစ်ကို ဖြုတ်ထားပါ။


(၄) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Levels > Speakers အကွက်တို့တွင်
Balance ကို ၀ အထိရှိရင် 22 စသည်အားဖြင့် ထားပါ။


(၅) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Enhancements မှာ ကျနော်အောက်ဘောက်
စ်မှာကွင်း ထားတဲ့ထားပါ။ တစ်ခုခုလုပ်ထားမိလို့အဆင်မပြေခဲ့လျှင် Restore Default ကိုပြန်နှိပ်ပါ။


(၆) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Advanced ကိုနှိပ်၊ အောက်က Default
Format,Exclusive Mode တွေကို ကျနော်ပြတဲ့အတိုင်းထားပါ။ နောက်ပြီး Test ကို အသံလာ မလာနှိပ်ပြီး
စမ်းကြည့်ပါ။ ပြီးတော့ Apply > OK


ဒါတွေအားလုံးပြင်ဆင်ထားခဲ့ပြီးဆိုလျှင် Sound နဲ့ပတ်သက်တဲ့ အသံပြဿနာတွေအနည်းငယ်အဆင်ပြေသွား
မယ်လို့ထင် ပါတယ်။

Earphone/Microphone အသံမကြားရတဲ့ပြဿနာလည်း အလားတူနည်းမှီပြီးဖြေရှင်းနိုင်
ပါတယ်…

အောက်ပါအတိုင်းလိုက်လုပ်ပါ…
Control panel>Sound>Recording ကိုဝင်ပြီး Microphone ပုံလေးကို double click ပေးလိုက်ပါ၊Microphone Properties ဘောက်ကျလာပါလိမ့်မယ်။ Levels ကိုဖွင့်လိုက်ပါ၊
Microphone နှင့် Microphone Boost setting ၂ခုကို တွေ့ ရင်အပေါ်က မိမိတို့ စက်ရဲ့အသံအတိုး၊ အလျှော့၊
လုပ်ပါ။
Microphone boost ကတော့မိမိတို့ ကပြောတဲ့အထွက်အသံပေါ့။ အဲဒီအတိုးအလျှော့လေးကို +40.0 db
ထိမြင့်လို့ရပါတယ်။ ပြီးတော့ ok


အထက်ပါအတိုင်းအားလုံးကိုက်ညီမှုရှိပါလျှက်နဲ့ Sound အသံမလာသေးဘူးဆိုလျှင် DownupVirus ကြောင့် ပဲဖြစ်နိုင်တော့ တယ်။ အောက်ပါအတိုင်းဖြေရှင်းကြည့်ပါ။

ဒီရက်ပိုင်းတွေမှာ Network ရှိတဲ့ ကွန်ပျူတာ တော်တော်များများကို ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေတယ်။ ဒီဗိုင်း
ရပ်စ်ကကူးစက်မြန်သလို။ တုံ့ပြန်မှုကိုလည်း သေးငယ်တယ်လို့ ပြောရင်လဲ ရပါတယ်။ အဓိက လုပ်ဆောင်တာ
က အသံကို ပိတ်ဖြစ်တာပါ။ Windows Audio ကို Disable လုပ်ပစ်တာပါ။

သီချင်းဖွင့် နားထောင်လို့ အသံလဲ မထွက်။ အသံဆော့ဝဲလ်လဲ မပျက်ရင် သေချာပါပြီး Downup Virus ပါပဲ။
ကြုံဖူးသူတော့ ရှိမှာပေါ့။ လိုရမယ်ရ ဖော်ပြပေးလိုက်ပါတယ်။

၁) Downup Cleaner ကို run လိုက်ပါ။ run နေစဉ်အတွင်း တစ်ခြား မည်သည့်အလုပ်မှ မလုပ်ရန်။
၂) ပြီးပါ Ctrl + R ကို နှိပ်၍ Run Box ကို ဖွင့်ပါ။ services.msc ကို ရိုက်ဖွင့်ပါ။
၃) အောက်ဆုံးနားတွင် ရှိသော Windows Audio ကို ရှာပါ။ Started ဖြစ်ရပါမယ်။
၎) မဖြစ်ပါက Double Click နှိပ်ဖွင့်ပြီး Start Botton ကို နှိပ်ပါ။ Apply ၊ Ok ။

Download :
Medaifire
Removal Downup virus Original Link

စောလင်းနက်စ်

USB ဖြင့် Window ထည့်သွင်းရာတွင် Boot မလည်အောင်လုပ်နည်း

USB ဖြင့် Window ထည့်သွင်းရာတွင် Boot လည်ဖူးသောပုဂ္ဂိုလ်များအနေနဲ့ ဒီတော့ပစ်ကိုဖတ်လိုက်တာနဲ့သိပါ လိမ့်မယ်။ USB နဲ့ Window မတင်ဖူးသောပုဂ္ဂိုလ်များအတွက်တော့ ဗဟုသုတအသစ်တစ်ခုတာပေါ့ဗျာ။ အားလုံး သိပြီးသားပါ။ Window အသစ်ထည့်သွင်းတာဖြစ်ဖြစ်၊ ပြန်ပြီး Reinstall လုပ်တာဖြစ်ဖြစ် CD/DVD Drive နဲ့ အ သုံးပြုတာရှိသလို USB နဲ့လည်း အသုံးပြုပြီး ၀င်းဒိုးထည့်သွင်းကြပါတယ်။

အဲဒီနှစ်မျိုးတွင် CD/DVD Drive ကိုအသုံးပြုပြီး Window ထည့်သွင်းတာက အလွယ်ဆုံးနည်းလို့ပြောရမှာပါ။ အဲ ဒီနည်းနဲ့အကျွမ်းတ၀င်ရှိပြီးကာမှ USB ကို အသုံးပြုပြီး Window ထည့်သွင်းဖို့ထပ်မံကြိုးစားကြတာများပါတယ်။ ကျနော်လဲ ဒီအတိုင်းပဲဝင်းဒိုးထည့်သွင်းတာအဆင့်ဆင့်လုပ်ဆောင်ခြင့်ဖြင့် အတွေ့အကြုံကောင်းတစ်ချို့ကိုရရှိ ခဲ့ပါတယ်။ ကျနော် ပထမကြိမ် Window ကို USB နဲ့ ထည့်သွင်းတဲ့အခါတုန်းက ဒီ Boot လည်တဲ့ပြဿနာဟာ ချွှေးပြန်တဲ့အထိဖြစ်ခဲ့ဖူးပါတယ်။ စဉ်းစားရင်းနဲ့အဖြေပေါ်ခဲ့တယ်လို့ဆိုကြပါစို့။ နောက်ပြီး ကျနော် စက်သုံးလေး လုံးလောက်လုပ်ခဲ့ပြီးမှ သူငယ်ချင်းတွေကို ပြန်လည်ဖေါက်သည်ချနိုင်တာ။ ဒါပေမယ့်…ကျနော်သိခဲ့တဲ့အဖြေ ထက်တစ်ခြားဖြေရှင်းချက်ကောင်းများလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ နောက်ပြီး Boot Menu မှာ ကျနော်အ ကျွမ်းတ၀င်မရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဘာဖြစ်ဖြစ် ကျနော်ရရှိခဲ့တဲ့ဖြေရှင်းချက်သည်လည်း ”USB ဖြင့် Window ထည့်သွင်းရာတွင် Boot မလည် အောင်”လုပ်တဲ့နေရာမှာ ဖြေရှင်းချက်ကောင်းတစ်ခုအပါအ၀င်ဖြစ်ပါလိမ့်မယ်။

ဖြေရှင်းနည်း….

Window Install ထည့်သွင်းရာတွင် သိပြီးသားအတိုင်း…အတိုချုံးကိုပဲပြောမယ်။ မိမိကီးဘုတ်ပေါ်က အက္ခရာ အစဉ်လိုက်Boot ထဲကိုဝင်မယ်။ အောက်ကနှစ်မျိုးတွင် တစ်မျိုးမျိုးနဲ့တင်မယ်ပေါ့ဗျာ…
(၁) CD/DVD Drive နဲ့အသုံးပြုရင် Boot Menu တွင် First Boot မှာ CD/DVD Drive ကိုရွေးမည်။
(၂) USB Port နဲ့အသုံးပြုရင် Boot Menu တွင် First Boot မှာ USB အမျိုးအစားကိုရွေးမည်။

ကဲ…ဒီနေရာမှာ USB အတွက်အဓိကပြောတယ်ဆိုတော့ အပိုင်း(၂)ကိုရွေးလိုက်တယ်နော်။ ထည့်သွင်းလိုက်ပြီး ဆိုကြပါစို့။ ပါတေးရှင်းအပိုင်းရောက်ရင် ပါတေးရှင်း edit လုပ်တယ်။ ကဲ.ပြီးတော့ Partition 2 ကိုရွေးပြီး Next ကိုပဲဆက်နှိပ်လိုက်ပေါ့ဗျာ။ Next ကိုနှိပ်လိုက်တာနဲ့ Window အင်စတောထည့်သွင်းတဲ့ Processing တွေ့ရမှာ ဖြစ်တယ်။ ၀င်းဒိုးထည့်သွင်းစဉ်တွေ့ရမယ့်အပိုင်းမှာ…
Copying files,
Expanding files,
Installing update,
Install features,
Completing Installation ….

အောက်ပါပုံအတိုင်း...

ဆိုပြီး အပိုင်း (၅)ပိုင်းတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအပိုင်း (၅)ခုတွင် ….
Copying files,
Expanding files,
Installing update,
Install features အရောက်တွင် Restart ကျမှာဖြစ်တယ်။ အဓိကပြောရမယ့်ပြဿနာက ဒီနေရာပါပဲ။

CD/DVD Drive နဲ့အသုံးပြုပြီး ၀င်းဒိုးထည့်သွင်းရင်…
ဒီနေရာရောက်တာနဲ့ Restart ကျမယ်။ ပြီးတော့ Automatic Boot ပြန် တက်လာပြီး Completing Installation ကို ဆက်လုပ်သွားမှာဖြစ်တယ်။ ဒါက CD/DVD Drive နဲ့အသုံးပြုပြီး ၀င်းဒိုးထည့်တဲ့အပိုင်းပါပဲ။ ဒီနည်းက Boot မှာ ဘာဝင်ချိန်းစရာမှမလိုပါဘူး။

ပို့စ်တော့ပစ်ရဲ့အဓိကအဖြေ
USB နဲ့ ၀င်းဒိုးထည့်သွင်းရင်…
Copying files,
Expanding files,
Installing update,
Install features ဒီအဆင့်ရောက်ရင် ထုံးစံအတိုင်း Restart ကျမယ်။ Restart ကျတာနဲ့ မိမိကီးဘုတ်က Boot ၀င်ဖို့ ကီးတွေကိုအဆင်သင့်နှိပ်ထားလိုက်ပါ။ ပြီးတော့ Boot Menu တွင် First Boot Device နေရာတွင် USB အစား HDD ဟဒ်ဒစ်ကိုရွေးပြီး save and exit လုပ်ဖို့ F10 ကိုနှိပ်။ ဒါဆို HDD ကနေ Boot တက်ပြီး Completing Installation….အပိုင်းကို ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်။ အကယ်၍ ဒီလို Boot ၀င်မချိန်းရင် Installation အစကနေပြန်ပြီးသွားပြီး Boot လည်နိုင်တယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် အဲလို Boot မလည် အောင် Boot Menu > First Boot Device နေရာတွင် USB အစား HDD ဟဒ်ဒစ်ပြောင်းဖို့လိုကြောင်းခင်ဗျား။

စောလင်းနက်စ်

Saturday 19 November 2011

WinUSB Maker 1.4 - The Windows Setup to USB Solution

နေမင်းခေတ် 


ဒီဆော့ဝဲလ်လေးကတော့ မိတ်ဆွေများ Windows 8 / Windows 7 /Windows Vista/Windows Server 2008 / 2011 Family စတဲ့ ဝင်ဒိုး CD / DVD ခွေများရဲ့  ISO ဖိုင်တွေကို USB ထဲ ကူးပြောင်းပြီး USB နဲ့ ဝင်းဒိုးတင်လို့ ရအောင် ကူညီပေးနိုင်တဲ့ ဆော့ဝဲလ်လေးပါ။ သူ့ မှာပါဝင်တဲ့  features များကိုအောက်မှာဖေါ်ပြပေးပါမယ်။
•Totally coded with maximum security, to avoid any error
•Can work with Setup DVD / Setup Folder / Setup ISO Image
•Always format in NTFS System, make the device boot sector as same of HDD
•Force dismount for all devices, forcing the format if the device is in use
•Can make a DOS / GRLDR automated Bootable USB Disk
•Fastest file copy, maximum process priority level
•Identify compatible setup folders
•Support devices larger than 1TB
•Capture only removable devices
•Refresh all devices in one click
•Auto-explain the functions if the cursor is drawn
•Check the Folder and Device size, for better compatibility
•Dynamic Progress Bar and specific File / Folder / Status shown for works


အသုံးပြုချင်တဲ့မိတ်ဆွေများ အောက်မှာ download ယူထားလိုက်ပါ။


Saturday 12 November 2011

အတော်လေးစုံတဲ့ Ayar Dictionary website and software


ဒါကတော့ မသိသေးတဲ့သူတွေကို သိစေချင်လို့ ကြေငြာပေးလိုက်တာပါ. သိပြီးသားလဲ ဖြစ်ကောင်းဖြစ်မှာပါ. ဧရာအဖွဲ့ကနေ လုပ်ထားတဲ့ Dictionary website နဲ့ dictionary software လေးကို သုံးကြည့်စေချင်ပါတယ်. လတ်တလောတော့ စာလုံးပေါင်း 241299 ကို ထည့်သွင်းပေးထား ပါတယ်. နောက်ထပ်လည်းပဲ update လုပ်နေဦးမယ်ထင်ပါတယ်. web dictionary မှာကတော့ မြန်မာ မှ အင်္ဂလိပ်အင်္ဂလိပ် မှ မြန်မာ မြန်မာ မှ မြန်မာ မြန်မာဆိုရိုးစကား မြန်မာ ဘန်းစကားကွန်ပျူတာသုံးအတိုကောက်အက္ခရာများအမည်အသံထွက်များ စာလုံးပေါင်းသတ်ပုံ စတဲ့ အကြောင်း အရာတွေကို ရှာဖွေပေးနိုင်ပါတယ်. လိုချင်တဲ့ စာသားတော်တော်များများကို တွေ့ရပါတယ်. Web dictionary ကို သွားချင်ရင်တော့ ဒီကို နှိပ်လိုက်ပါ. Dictionary ကို Download လုပ်မယ်ဆိုရင်တော့ အဲ့ဆိုက်မှာ Download လုပ်ဖို့ပေးထားပါတယ်. web dictionary မှာ ဧရာဖောင့် မလိုအပ်ပေမယ့်. Dictionary software ကို Download လုပ်ပြီးတော့ မိမိကွန်ပျူတာမှာ ထည့်ပြီး offline သုံးချင်တယ် ဆိုရင်တော့ ayar font ရှိလို့ လိုအပ်ပါတယ်. Dictionary ကို install လုပ်စရာမလိုပါဘူး. portable ဖြစ်တဲ့အတွက် run ပြီး သုံးရုံပါပဲ. ayar font ကို လိုချင်ရင်တော့ ဒီမှာ Download လုပ်လိုက်ပါ.



 

Windows 7 Manager 3.0.3 + Keygen



 
ဒါကတော့ စီဘောက်ကနေ အကိုတစ်ယောက် တောင်းထားတာလေးပါ .. Windows 7 Manager ကိုတော့ ကျွန်တော် လည်းကြိုက်ပါတယ် .. ကျွန်တော့် စက်မှာဆိုရင်လည်း ဒီကောင်လေး တစ်ခုနဲ့တင် တော်တော် ပြည့်စုံနေပါပြီ .. အခုတင်ပေး လိုက်တာ ကတော့ Update လေးပါ .. အရင် Version တွေနဲ့စာရင် ဒီဇိုင်းပုံစံကအစ ပိုပြီးတော့ မိုက်ပါတယ် .. Windows 7 ကိုအသုံးပြုနေတဲ့ သူတွေအတွက်တော့ ဆောင်ထားသင့်တဲ့ Tool တစ်ခုပါပဲ .. မိမိတို့က ဒီကောင်လေးနဲ့ ပါတ်သတ်ပြီး ဘာမှမသုံးတက်ဘူး ဆိုရင်တောင် 1 Click Cleaner လေးနဲ့တင် တော်တော် အလုပ်ဖြစ်နေပြီလို့ ပြောလို့ရပါတယ် .. ကျွန်တော် ဒီကောင်လေးကို  Full Version လေးနဲ့ သုံးလို့ရအောင် Keygen လေးပါ ထည့်ပေးထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .. Keygen ဘယ်လို ထည့်ရမယ်ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..
Keygen လေးကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း Generate ဆိုတာကိုနှိပ်ပြီး ပေါ်လာတဲ့ Key လေးကိုထည့်ပေး လိုက်ယုံပါပဲ ..
For  32  Bits 

For   64  Bits


Thursday 10 November 2011

Nokia တွင်မြန်မာဖောင့်မြင်စေရန်

Somyac.Font Zoomer.v2.21 ဖြစ်ပါတယ်
သူက ဘာအတွက်အသုံးဝင်လည်းဆိုတော့ NOKIA ဖုန်းတွေမှာ မြန်မာစာမြင်အောင်

ဇော်ဂျီဖောင့်ကို အသုံးပြုလို့ရအောင်အထောက်ပံပေးနိုင်တဲ့ဆောစ့်ဝဲလ်လေးပါခင်ဗျာ
အသုံးပြုနည်းကတော့ အရင်ဆုံးSomyac.Font Zoomer ဖုန်းထဲကို Run လိုက်ပါ
ပြီးရင် ဖုန်းမန်မိုရီ C:Somyac.Font Zoomer ဖိုင်ထဲကို ဇော်ဂျီဖောင့်ထည့်လိုက်ပါ
Somyac.Font Zoomer ဖွင့်လိုက်ပါ ပြီးရင် Options ကိုနိုပ်ပြိး
Show Font List ထဲဝင်လိုက်ပါ ပြီးရင် ဇော်ဂျီဖောင့်ကို Select ပေးလိုက်ပါ
ပြီးရင် Apply ကိုနိုပ်ပြီး ထွက်လိုက်ပါ ဖုန်းကိုလည်းပိတ်လိုက်ပါ ဖုန်းပြန်ဖွင့်လိုက်တဲ့အခါြ
မန်မာစာဖောင့်ဖတ်လို့ရတာကို မြင်ရပါမယ် အဆင်ပြေပါစေ
နောက်တစ်ခြားဖုန်းနဲ့ပက်သက်နဲ့တဲ့ မြန်မာဖောင့်ကိုလေ့လာချင်ရင်
http://www.myanmarmobileapp.com/ ထဲမှာလေ့လာနိုင်ပါတယ်

Full Video Converter Free 9.0.3.8

Full Video Converter Free 9.0.3.8
သူကတော့ ဗီဒီယို Conver ဆောစ့်ဝဲလ်လေးပါ free ပေးပါတယ် 

သူလုပ်ဆောင်ချက်တွေကိုသိချင်ရင်တော့ http://www.videohelp.com/tools/ 
အခုလိပ်စာမှာသွားလေ့လာနိုင်ပါတယ်ခင်ဗျာ အဆင်ပြေပါစေ

Portable Wondershare Photo Recovery 3.0.2.1


Portable Wondershare_Photo_Recovery_3.0.2.1_(10 MB)
ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ ကွန်ပျူတာအတွင်းမှဖြစ်စေ၊ digital camera, memory card, USB drive, internal hard drive and other storage devices များမှဖြစ်စေ မှားဖျက်မိလိုက်တဲ့ photos, videos နှင့် audio files တွေကိုမူလအတိုင်းပြန် ပြီး recover ပြန်လုပ်ပေး နိုင်တဲ့ဆော့ဝဲလ်လေးပါ. ကိုယ်ပိုင်ကွန်ပျူ အသုံးပြု နေတဲ့မိတ်ဆွေများအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလ်လေး ဆိုလဲမမှားပါဘူး . portable လေးဖြစ်တဲ့ အတွက် မိတ်ဆွေများအလွယ် တကူသိမ်းထားလို့ ရပါတယ်. အထက်ပါပြဿနာ များကြောင့် စိတ်ညစ်နေတဲ့ သူငယ်ချင်းများကိုလဲ portable လေးဖြစ်တဲ့အတွက် အလွယ်တကူ ပြန် လည်မျှဝေပေးလို့ ရပါတယ်။ အသုံးပြုချင် တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...


Kaspersky Antivirus & Internet Security 2012 + Serials


Kaspersky Antivirus & Internet Security 2012 + Serials | 140MB

ုkaspersky ချစ်သူများအတွက် Kaspersky Antivirus & Internet Security 2012 ကို serials ပါ တခါထဲ ထည့် ပေးလိုက်ပါတယ်။အသုံးပြုချင်တဲ့မိတ်ဆွေများ အောက်မှာ download ယူထားလိုက်ပါ။















Tuesday 8 November 2011

USB Transfer Size ကို 64 kb ကနေ 2 MB အထိ မြှင့်ပြီး သုံးရအောင်

ကျွန်တော် အခုပြောမဲ့ နည်းလမ်းလေးကတော့ ကျွန်တော်တို့ ကွန်ပျူတာမှာ USB Stick ကိုအသုံးပြုပြီး File တွေကို ကူးတဲ့ အခါမှာ အရင်ရှိပြီးသား  File Transfer value က 64 kb ပဲ ရှိပါတယ် .. အဲ့ဒါကို ကျွန်တော်တို့က 2 MB အထိမြှင့်ပြီး အသုံးပြုမှာ ဖြစ်ပါတယ် .. File Transfer value မြှင့်လာတော့ မိမိတို့ ကွန်ပျူတာထဲကနေ USB Stick ကို File တွေကူးတာပဲဖြစ်ဖြစ် USB Stick  ထဲကနေ ကွန်ပျူတာထဲကို File တွေ ကူးတာပဲဖြစ်ဖြစ် ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် .. ကျွန်တော် အောက်မှာ ဘယ်လိုလုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

ကွန်ပျူတာ မြန်အောင်ပြုလုပ်နည်း


ကွန်ပျူတာ speed မြှင့်ခြင်းအကြောင်းလေးပါ။
ကဲလုပ်ကြည့်ရအောင်
(1) Start > Run သွားပါ။ prefetch ရိုက်ထည့်လိုက်ပါ။အဲဒီမှာတွေ့တဲ့
folder ထဲက file တွေကို delete လုပ်လိုက်ပါ။ပြီးရင် ပြန်ပိတ်လိုက်ပါ။
နောက် Run မှာပဲ regedit ဆိုတာရိုက်လိုက်ပါအုန်း။ Registry Editor box
ပေါ်လာပါလိမ့်မယ်။အဲဒီမှာ HKEY_CURRENT_USER >>Control Panel >> Desktop
Desktop ကို click ပေးလိုက်ပါ။ အဲဒီမှာ MenuShowDelay ကိုရှာ ။ပြီးရင်right click>>Modify
လုပ်လိုက်ရင် ပေါ်လာမဲ့ box မှာ from 400 to 0 ကိုပြောင်းပေးပါ။ပြီးရင်ပိတ်လိုက်ပါ။
(2) My Computer ကိုright click>> properties >>Advanced >>Settings >>visual Effects မှာ -
Adjust for best appearance ကိုရွေးပေးပါ။ ကိုယ့်စက်ကိုတော်တော်ကြီးကိုမြန်ချင်တဲ့သူကတော့
Adjust for best performance ကိုရွေးပေးပါ။ပြီးရင် အောက်ကဇယား အောက်ဆုံးက
Use visual styles on windows and buttons ကိုပဲ click လုပ်လိုက်ပါ။ကျွန်တော်ကတော့
screen စာသားလေးတွေမှိန်သွားတာကိုမကြိုက်လို့ Adjust for best appearance ကိုပဲရွေးလိုက်ပါတယ်။
မြန်ချင်သူများအတွက်ပြောတာပါ။ ပြီးရင် apply လုပ်ပါ။
(3) Advanced >> change မှာ Custom size မှာ initial size ကို
2000 Maximum size ကို 4000 ပေးပါ။ ပြီးရင် set , ok ပေးပါ။ပြီးရင် Apply , ok ပေးပါ။
(4) Run မှာ msconfig ကိုရိုက်ထည့်လိုက်ပါ။ ပြီးရင် Startup ကိုသွားပါ။ အဲဒီမှာ မလိုတာတွေအများကြီးပါ။
ဥပမာ- YahooMessenger, IDMan စတာတွေပေါ့ဗျာ။ ပြီးရင် ok ပေးပါ။ ပြီးရင် Exit Without Restart
ကို click ပါ။
(5) My Computer ကိုright click>> properties >> Remote မှာ
Allow Remote Assistance invitations to be sent from this computer ကို disable ပေးပါ။
ပြီးရင်တော့ Apply ပေးပါ။ ok မပေးပါသေးနဲ့အုန်း။ Automatic Updates မှာ Turn off Automatic Updates
ကို check ပေးပါ။ Apply ok ပေးပါ။
(6) Run မှာ system.ini ကိုရိုက်ထည့်လိုက်ပါ။ပြီးရင် ကျလာတဲ့ box ကို ဒီအတိုင်းပြင်ပါ။
for 16-bit app support
[drivers]
wave=mmdrv.dll
timer=timer.drv
[mci]
[driver32]
[386enh]
woafont=dosapp.FON
EGA80WOA.FON=EGA80WOA.FON
EGA40WOA.FON=EGA40WOA.FON
CGA80WOA.FON=CGA80WOA.FON
CGA40WOA.FON=CGA40WOA.FON
page buffer=100000kbps load=100000kbps download=100000kbps save=100000kbps back=100000kbps
ပြီးရင်တော့ computer ကို Restart ပေးလိုက်ပါတော့။
 
Htunmay

Saturday 5 November 2011

သိထားသင့်တဲ့ ကွန်ပျူတာဆိုင်ရာ အခြေခံအချက်အလက်များ



ဒီပို့စ်လည်းအခြေခံသမားတွေအတွက် အကျိုးများတယ်။ ဒါကြောင့် ကောင်လေးငယ် ဆီကနေယူတင်လိုက်တာ။ကိုယ်တိုင်ရေးပို့စ်မဟုတ်ကြောင်းပါနော်။ကျွန်တော် ဒီနေ့တော့ အားလုံးအတွက် ကွန်ပျူတာကို လေ့လာနေသူတိုင်းအတွက် သိသင့် တဲ့ အခြေခံ အချက်လေးတွေကို ရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းအရာ လေးတွေကို ရေးပေးသင့် တာ ကြာပါပြီ .. စာရေးရတာ အာရုံမလာတာနဲ့ မရေးဖြစ်တော့တာပါ .. ကျွန်တော် ရေးမယ်ဆိုပြီးအကြောင်းအရာတွေစုထားလိုက် မရေးဖြစ်လိုက်နဲ့ နောက်ပိုင်းတော့ ကျွန်တော် စာများများ ပြန်ရေးဖြစ်အောင်...
Read more

FaceOnBody2.4 portable


                           ဒီနေ့တော့ ဖြတ် ၊ ညှပ် ၊ ဆက် လုပ်တာဝါသနာပါတဲ့ သူတွေ
ကလိနိုင်အောင် faceonbody ဆော့ဝဲလေးတင်ပေးလိုက်ပါတယ်။ portable လေး
ဆိုတော့သုံးရတာ ပေါ့ပေါ့ပါးပါး နဲ့ပိုပြီးအဆင်ပြေတာပေါ့။သူ့အတွက်လိုအပ်တဲ့key
လေးကို  ကျွန်တော်အထဲမှာ  ထည့်ပေး ထားပါတယ်။  ပုံမှာ တွေ့ကြတဲ့  အတိုင်း
မုတ်ဆိတ်မွှေးနဲ့  မော်ဒယ်(လ်)ဂဲတွေ စသည်ဖြင့်ပေါ့  အနုပညာမျက်စေ့ ရှိရင် ရှိ
သလောက်လုပ်လို့ရပါတယ်။ အသုံးပြုနည်းကလဲ ကျွန်တော်ပြောပြစရာမလိုပါဘူး။
ဘာပြီးရင် ၊ ဘာဆက်လုပ်ရမယ်  ဆိုတာ ဆော့ဝဲကပဲ တစ်ဆင့်ချင်း ရှင်းပြပေးပါ
လိမ်မယ်။  သူခိုင်းတဲ့အတိုင်း  နောက်ကနေအသာလေး  လိုက်လုပ်ရုံပါပဲ။  ဒါပေမဲ့
သူ့ကိုအသုံပြုမယ်ဆိုရင်  အသုံးပြုမဲ့  ဓါတ်ပုံတွေကို picture ထဲက my picture 
(သို့) public picture  ထဲကိုပြောင်းပေးပြီးမှ ယူသုံးရင်ပိုပြီးအဆင်ပြေပါ  လိမ်မယ်။
အခြားနေရာတွေက ယူသုံးရင် တစ်ခါ  တစ်ခါ ဟမ်း ဖြစ်ချင်လို့ပါ။ key ထည့်နည်း
ကတော့ portable. exe လေးကို run လိုက်ပါ။ ပြီရင် Help မှActivate ကိုကလစ်ပါ။

ကျလာတဲ့ box ထဲကို  ကျွန်တော်  ထည့်ပေးထားတဲ့ key ကို copy/past လုပ်ပေး
လိုက်ပါ။တစ်ကယ်လို့ အဲလိုလုပ်ပေးလို့မှ keyလက်မခံပဲ နောက်ထပ် box တစ်ခုပဲ
ထပ်ထပ်တတ်  လာတယ်ဆိုရင် FaceonBody.exe ကို Delete လုပ်ပြီး ဖိုင်ထဲက
Faceonbody.exe ကို copy ယူပြီး Desktop ပေါ် past ချလိုက်ပါ။ ပြီးရင်Shortcut
ပေါ်ကို right click ပေးပြီး propertiesကိုကလစ်ပါ...အောက်ကပုံကို ကြည့်ပါ
အနီရောင်နဲ့ ပြထားပါတယ်
                    
            ပြီးရင် compatibility tab  မှ  Run this  program in  compatibility mode
for  ဆိုတဲ့  စာကြောင်းလေး ရှေ့က  အကွက်လေးမှ  အမှန်ခြစ်ပေးပြီး apply/okပေး
လိုက်ပါ။  အောက်က ပုံကိုကြည့်ပါ အနီရောင်နဲ့ ပြထားပါတယ်..
            ပြီးရင်key ဖြည့်ပေးလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 1.65MB ပဲရှိပါတယ်။ အောက်မှာယူသွား
လိုက်ပါ။  အဆင်မပြေတာတစ်ခုခုရှိခဲ့ရင် c.box လေးမှာပြောပေးခဲ့ကြပါဦး။ အားလုံးပျော်ရွင်
ပါစေ...ဗျာ။
 
မူရင်း။ ။  လုလင်မောင်

ကွန်ပြူတာ System Speed ကိုမြန်ဆန်စေရန်


Computer_speed


ကွန်ပျူတာ System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ရန်အတွက် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်နိုင်ပါသည်-
၁။ ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန် စေပါသည်။
၂။ File Size ကြီးမားသောပုံများကိ Wallpaper အဖြစ်အသုံးမပြုသင့်ပါ။ Wallpaper ကို File Size ကြီးမားသောပုံကိုအသုံးပြုခြင်းအားဖြင့် RAM ၏လုပ်ဆောင်မှုကို နှေးကွေးစေပါသည်။
၃။ Desktop ပေါ်တွင် Shortcuts များကိုထားရှိပြီး အသုံးပြုခြင်းမှရှောင်ကျဉ်ရပါမည်။ Desktop ပေါ်ရှိ Shortcuts တစ်ခုသည် RAM အတွင်း ၌ ၅၀၀ Bytes နေရာယူအသုံးပြု စေပါသည်။
၎။ Recycle Bin ကိုနေ့တိုင်း Empty ဖြစ်စေရန်ရှင်းလင်းပေးရပါမည်။ Recycle Bin ကို Empty မပြုလုပ်သေးသမျှ မိမိ Delete လုပ်လိုက် သည့် File များသည် Hard Drive တွင်နေရာယူနေပါသည်။ Delete လုပ်ရန်သေချာသည့် File များကို Shift + Delete ဖြင့် Recycle Bin အ တွင်းမရောက်စေပဲ တိုက်ရိုက် Delete လုပ်နိုင်ပါသည်။
၅။ Temporary Internet File များကို ပုံမှန် Delete ပြုလုပ်ပေးရပါမည်။
၆။ Defragment ပြုလုပ်ခြင်းကို ၇ ရက်လျင်တစ်ကြိမ်ခန့်ပြုလုပ်ပေးရပါမည်။ Defragment ပြုလုပ်ပေးခြင်းအားဖြင့် Hard Drive အတွင်း Free Space ကိုတိုးမြင့်လာစေပြီး File များကိုပြန်စီပေးသည့်အတွက် ကွန်ပျူတာကိုအသုံးပြုရာတွင် ပိုမိုမြန်ဆန်စေပါသည်။
၇။  ကွန်ပျူတာတွင် Partition ကိုအနည်းဆုံးနှစ်ခုထား၍ အသုံးပြုသင့်ပါသည်။ File Size ကြီးမားစွာအသုံးပြုရမည့် Photoshop၊ 3DS Max ကဲ့သို့သော Software များကို Run ၍အသုံးပြုသည့်အခါတွင် Window တင်ထားသည့် Partition ကိုအသုံးမပြုပဲ၊ ဒုတိယ Partition တွင် Run ၍အသုံးပြုရပါမည်။ Window တင်ထားသည့် Partition တွင် Data များထားရှိခြင်း၊ Software များ Run ၍အသုံးပြုခြင်းများကို တက် နိုင်သမျှရှောင်ကျဉ်၍ Free space များစေရန်ဆောင်ရွက်ရပါမည်။ Window တင်ထားသည့် Partition တွင် Free space နည်းနေပါက ကွန်ပျူတာလုပ်ဆောင်မှုကိုနှေးကွေးစေပါသည်။
၈။ Software တစ်ခုကိုအသုံးပြုရန်အတွက် Run ပြီးပါက Tray Icon များထားရှိ အသုံးပြုခြင်းကို မပြုလုပ်သင့်ပါ။ ထို Tray Icon များထားရှိ အသုံးပြုခြင်းသည် RAM ကို ပိုမိုအလုပ်လုပ်စေပြီး ကွန်ပျူတာ System ကိုနှေးကွေးစေနိုင်ပါသည်။
၉။ Software များကို ကွန်ပျူတာစဖွင့်သည်နှင့်တပြိုင်နက်တည်း Automatically အလုပ် လုပ်စေခြင်းမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ရန်အတွက် Run တွင် msconfig ဟုတ်ရိုက်ပြီး Startup Tab တွင် Disable All ကို Click ပြုလုပ်၍ ကွန်ပျူတာကို Restart ပေးရပါမည်။


mmmsss


၁၀။ ကွန်ပျူတာတွင်း ဖုန်များဝင်ရောက်ခြင်းကိုကာကွယ်ပေးရပါမည်။ ဖုန်များသည် ကွန်ပျူတာ Cooling Fan ကိုနှေးကွေးလာစေကာကွန်ပျူတာ CPU ကိုတဖြည်းဖြည်းချင်း ပူလာစေပါသည်။ ထိုသို့ပူလာသည်နှင့်အမျှ ကွန်ပျူတာ၏ ပုံမှန်စနစ်တကျလုပ်ဆောငမှုများကို ထိခိုက်လာစေကာ System Speed ကိုနှေးကွေးလေးလံလာစေနိုင်ပါသည်။
၁၁။ ကွန်ပျူတာ CPU အတွင်းရှိဖုန်များကိုဖယ်ရှားရန်အတွက် ဖုန်စုပ်စက်များကို လုံးဝအသုံးမပြုရပါ။ နူးညံ့သောအ၀တ်စများ၊ ကွန်ပျူတာဖုန်သုတ် သည့် အ၀တ်စများကိုသာ အသုံးပြုရပါမည်။
၁၁။  ကွန်ပျူတာကို System Restore Function ကိုဖွင့်ထားခြင်းသည် CPU ၏ စွမ်းဆောင်မှု ကိုအသုံးပြုမှုများပြားစေပါသည်။ ထို့ကြောင့် System Restore ကိုပိတ်ထားသင့်ပါသည်။ System Restore ကိုပိတ်ထားရန်အတွက် My Computer \ Properties သို့ဝင်ရောက်၍ ၄င်းမှ System Restore Tab သို့ဝင်ရောက်ကာ အောက်ဖော်ပြပါပုံအတိုင်း Turn off system restore on all drives ကို Select လုပ်၍ ပိတ်ထားနိုင်ပါသည်။

turn off system restore
၁၂။ Search Indexing ကို Disable ပြုလုပ်ထားခြင်းသည် ကွန်ပျူတာ System Speed ကို မြန်ဆန်စေပါသည်။ Search Function ကိုပိတ်ထားရန်အတွက် My Computer မှ Window တင်ထားသည် C Drive ကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Allow indexing Services to index this disk ကို uncheck ပေး၍ Apply ပေးရပါမည်။


Disable Search Indexing


၁၃။ Error Checking Utility ကိုအသုံးပြုခြင်းဖြင့် ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။  Error Checking Utility ကိုအသုံးပြုရန်အတွက် ကွန်ပျူတာအတွင်းဖွင့်ထားသော File များကိုပိတ်ရပါမည်။ My Computer မှ Drive တစ်ခုကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools Tab သို့ဝင်၍ အောက်ဖော်ပြပါပုံအတိုင်း Check now ကို Click ၍ Scan for and attempt recovery of bad sectors ကို Check ပေး၍ Start ကို နှိပ်ရပါမည်။
၁၄။ ကွန်ပျူတာအတွင်းရှိ Spyware များသည် ကွန်ပျူတာသုံးစွဲသူ၏ Personal Data များကို ခွင့်ပြုချက်မရှိပဲခိုးယူရုံသာမက ကွန်ပျူတာသုံးစွဲရာတွင် ကွန်ပျူတာကိုနှောင့်နှေးစေပြီး မကြာခဏရပ်တန့် စေခြင်းခြင်းများကိုပါဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကွန်ပျူတာအတွင်းရှိ Spyware များကိုရှင်းလင်းပေးရပါမည်။ Antivirus Software ကိုအသုံးပြုခြင်းမရှိသေးပါက Online Free Service တစ်ခုဖြစ်သော http://onecare.live.com/ သို့ဝင်ရောက်၍ ကွန်ပျူ တာ ကိုစစ်ဆေးခြင်းဖြင့် Virus များကိုဖယ်ရှားနိုင်ပါသည်။
၁၅။  Window တင်ရာတွင် NTFS အမျိုးအစား File Type ကိုအသုံးပြုရပါမည်။ FAT32 ကို အသုံးမပြုရပါ။ မိမိအသုံးပြုနေသည့် Window တွင်မည်သည့်အမျိုးအစားကိုအသုံးပြုထား သည်ကို သံသယဖြစ်ပါက Window တင်ထားသည့် C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်၍ကြည့်ရှုနိုင်ပါသည်။ အကယ်၍ FAT32 ဖြစ်နေပါက NTFS File Type သို့ပြောင်းလဲပေးရပါမည်။ ထိုသို့ပြောင်းလဲရန်အတွက် ပထမဆုံးအရေးကြီးသည့် Data များကို Back Up ပြုလုပ်ထားရပါမည်။ ထို့နောက် Start \ Run တွင် CMD ဟုရိုက်နှိပ်၍ Prompt တွင် CONVERT C: /FS:NTFS ဟုရေး၍ Enter ပေးရပါမည်။ ထို့နောက် ခေတ္တ စောင့်ပေးရပါမည်။ NTFS ကိုအသုံးပြုခြင်းအားဖြင့် Security မြင့်မားခြင်း၊ Folder ပမာဏကို ကြီးမားစွာအသုံးပြုနိုင်ခြင်းနှင့် Computer System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ခြင်းနှင့် အခြားအကျိုးရလဒ်များကို ရရှိစေပါသည်။


check file type

၁၆။ ကွန်ပျူတာကို တစ်လလျင်အနည်းဆုံးတစ်ကြိမ်ခန့် Disk Cleanup ပြုလုပ်ပေးသင့်ပါ သည်။ Disk Cleanup ပြုလုပ်ပေးခြင်းဖြင့် Temporary Files များကိုဖယ်ရှားပေးနိုင်ပြီး ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်ပြီး Disk Cleanup Bottom ကိုနှိပ်၍ ပြုလုပ်နိုင်ပါသည်။
၁၇။ ကွန်ပျူတာအတွင်းမလိုအပ်သည့် Program များကိုဖယ်ရှားပေးရပါမည်။ ဖယ်ရှားရာတွင် Window တွင်ပါရှိသည့် Add or Remove Program မှတစ်ဆင့်ဖယ်ရှားနိုင်သကဲ့သို့ Your Uninstaller ကဲ့သို့ Uninstaller တစ်မျိုးမျိုးကိုအသုံးပြု၍ဖယ်ရှားနိုင်ပါသည်။ Software ကို အသုံးပြု၍ဖယ်ရှားပါက Add or Remove Program ကိုအသုံးပြု၍ဖယ်ရှား၍ ပျက်သွားခြင်း မရှိသည့် Registry အတွင်းရှိ File များကိုပါ ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။

 ချယ်ရီမြေ

Thursday 3 November 2011

Portable Advanced Uninstaller PRO 10.5.4


ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ ကိုယ်ပိုင်ကွန်ပျူတာတွေမှာ ဆော့ဝဲလ်တွေကို လိုအပ်လို့ အသုံးပြုပြီးမ လို အပ် တဲ့ အခါ ပြန်ဖြုတ်တက်ကြပါတယ်.အပေါ်ပိုင်းကြည့်ရင် မိမိတို့  install လုပ်ခဲ့တဲ့ ဆော့ဝဲလ်တွေဟာ ဖျက်ပြီးပြီထင်ရပေမယ့် မိမိတို့ ကွန်ပျူတာ Windows အတွင်း temporary files နှင့် သူနဲ့ ပတ်သက်တဲ့ applications တွေကတော့ကျန်နေတက်ကြပါတယ်. ဘယ်လိုဘဲတွယ်ကပ်နေပါစေ အဲဒါတွေကို အမြစ်ပြက်ရှင်းလင်းပေး မှာက အခု ကျနော် ပေးမယ့် Advanced Uninstaller PRO 10.5.4 Portable လေးဖြစ်ပါတယ်။ ဒီ့ထက်မက သူရှင်းလင်း ကူညီပေးတာတွေကိုအောက်မှာ ဖေါ်ပြပေးပါမယ်။

· Easily uninstall applications and programs. The program starts a lot faster than the Control Panel Add/Remove applet, and has a handy quick search function.
· Uninstall, disable and enable Control Panel icons.
· Disable or delete the programs that run at startup.
· Remove items left behind in the Add/Remove section after program uninstall.
· Manage the fonts installed on your computer.
· Hide, show or sort your Start menu shortcuts. Automatically find and delete the non-working shortcuts on your desktop and Start menu.
· Uninstall Internet Explorer toolbars, plug-ins and BHOs (Browser Helper Objects).
· Find and delete garbage and temporary files.
· Delete the recently open files list of programs such as Microsoft Office, Windows Media Player, ICQ, MSN, WinZip, RealPlayer, Kazaa, Morpheus, WinAmp, etc.
· Delete the Internet history trail (information about the pages you visited, addresses you typed, cookies, etc).

အသုံးပြုနိုင်တဲ့ ဝင်းဒိုးများ
  • Windows 7 32-bit and 64-bit, all editions and service packs
  • Windows Vista 32-bit and 64-bit, all editions and service packs
  • Windows XP 32-bit and 64-bit, all editions and service packs

Home page>>>http://www.advanceduninstaller.com/

အသုံးပြုချင်တဲ့မိတ်ဆွေ များအောက်မှာ download ယူထားနိုင်ပါတယ်.ကိုယ်ပိုင်ကွန်ပျူ တာအသုံးပြုတဲ့ မိတ်ဆွေများ ဆောင်ထားသင့် တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။




မူရင်း....နေမင်းခေတ်(နည်းပညာ)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More