ယထာ အာရောဂျ ၊ ယောဗ္ဗနံ ဗျာဓိ ဇရာ ပရောသိတံ ။ ဧ၀ံ ဟိ ဇိဝိတံ သဗ္ဗံ ၊ မရဏပ္ပရိယောသိတံ ။

Monday, 20 February 2012

အင်္ဂလိပ် မြန်မာ အဘိဓာန်

ကျွန်တော် အင်္ဂလိပ် - မြန်မာ  ၊  မြန်မာ - အင်္ဂလိပ် ၂ မျိုးစလုံး အပြန်အလှန် အသုံးပြုနိုင်တဲ့...
ဆောဝဲလ်လေးတစ်ခု ပေးချင်ပါတယ်..။
အဲ...ပညာရေးဝန်ကြီးဌာန ကိုလည်း ကြောက်ရသေးတယ်ဗျ..။
သူတို့ ထုတ်တဲ့ အဘိဓာန် စီဒီခွေ မရောင်းရမှာ စိုးလို့လေ..။
ဒါပေမဲ့...တကယ် ပြောရင် သူတို့အဘိဓာန်က တကယ်ကောင်းပါတယ်..။
အသံပါ ထွက်ပေးတယ်လေ..။
ဥပမာ - Dog - ဒေါ့  ဆိုပြီး အသံပါ ထွက်ပြပေးပါတယ်..။
ဒါပေမဲ့ မကောင်းတာက စက်ထဲက DVD Writer ထဲကို သူတို့ စီဒီကြီး ထည့်ထားရတာပဲလေ...။
အဲ...မထည့်ရအောင် လုပ်လို့တော့ ရသားဗျ...။
ဒါပေမဲ့..မပြောကောင်းဘူး...။ (သိတဲ့သူတွေတော သိကြပါတယ်လေ..။)
ထားပါတော့...
ကျွန်တော် အဘိဓာန်လေးက စီဒီမလိုဘုး...။
ဘာမှကိုမလိုဘူး...5.58 MB ပဲ ရှိတဲ့ ဆော့ဝဲလ်လေးပဲလိုတာဗျာ...။
မကောင်းဘူးလား......(ဟာ..ကောင်းတာပေါ့...။) ကောင်းမှာပေါ့ အလကားရတာပဲဗျာ..နော့..။
ကောင်းရင် အောက်က
Attachment မှာ ဆွဲဗျာ...ယူလိုက်ပါတော့..။
ကျွန်တော်ကလည်း ဒီလို မြှောက်ပြောရင် ပေးချင်လိုက်တာမှ ထွန့်ထွန့်လူးနေတာလေ....။
ယူစေ...ယူစေ....။
Attachment ဆွဲတာ သဘောမကျရင်...
ဒီနေရာ ကဆွဲဗျာ..။
ဘာမှကိုတကယ်မလိုတာပါ..။
ရပြီ ဆိုရင် run လိုက်ရုံပါပဲ...။ ဒါပေမဲ့ သူက ဖောင့်အနေနဲ့ ( ၃ )မျိုးကိုလက်ခံပြီး လုပ်တယ်ဗျာ..။

၁။ ZawGyi - One
၂။ Myanmar3
၃။ Ayar Burmese

ဒီတော့ ညာဘက်အပေါ်မှာရှိတဲ့ အောက်စိုက်နေတဲ့ မြားလေးကိုနှိပ်ပြီး ကိုယ်လိုချင်တာ ပြောင်းလို့
ရတယ်ဗျ..။ ပြီးတော့ ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေးပြီး သူ့ရဲ့ ဘယ်ဘက်က ဘောင်လေးမှာ  ကိုယ်ကြိုက်
ရာ စာလုံးကို ရိုက်ပြီး ရှာလိုက်တာနဲ့ သူက အောက်မှာ ဘာကို ရှာမှာလဲ ဆိုပြီးအကြံပေး လမ်းပြတွေ ပေါ်
လာဦးမှာ..။ ဒီမှာကိုယ်ကြိုက်တာကို ရွေးလိုက်ရုံပါပဲ..။ကိုယ့်ဖာသာ အပြည့်ွှအစုံ ရိုက်ရင်လည်း ရိုက်ပေါ့
လေ..။ အဲ...အခု ပြောနေတာ ဖွင့်ခါစ ပုံစံနော်..။ ဒါဆိုရင် အင်္ဂလိပ်လို ပေါ်နေမှာလေ..။ ဒါကို မြန်မာလို
ပြောင်းပြီးရှာချင်တယ် ဆိုရင်တော့ ဇော်ဂျီဖောင့် အတိုင်းပါပဲ..။ Ctrl + Shit ပေါ့ဗျာ..။
ပြောင်းသွားပါပြီ..။
  ရှာပေတော့ပဲ...။

          ကိုဇော်

Sunday, 19 February 2012

Firefox မှာ အသံမလာဘူးဆိုရင်




အခု ကျွန်တော် မေးထားတဲ့ အကိုတစ်ယောက်လည်း ရှိတာနဲ့ တစ်ခြား အခက်အခဲ ရှိတဲ့ သူတွေလည်း အဆင်ပြေအောင် Firefox မှာ အသံမလာဘူး ဆိုရင် ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေးကို Video Tutorial လေးရှာပြီး တင်ပေးလိုက်ပါတယ် .. နည်းလမ်းလေက လွယ်ပါတယ် .. သေချာ ရှင်းပြပေးထားတာ ဖြစ်တဲ့ အတွက် ကျွန်တော် ပြန်မရေးပေးတော့ပါဘူး .. ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာမှာ သီချင်းတွေကို Audio Player တွေနဲ့ ဖွင့်တဲ့ အခါမှာ အသံလာပြီး Firefox မှာ ဖွင့်မယ် ဆိုရင် အသံမလာတာမျိုး ကြုံတွေ့နေရတဲ့ သူတွေအတွက် အခုနည်းလေးက အထောက် အကူ ပေးပါလိမ့်မယ် .. အောက်မှာ ကျွန်တော် နှစ်နေရာ ခွဲတင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .. 


     မူရင်း..ကောင်လေးငယ်

Monday, 16 January 2012

AutoCAD 2012 (32bit & 64bit)



AutoCAD 2012 လေးတွေ့လို့ တင်ထားပေးလိုက်ပါတယ် ... လိုအပ်ခဲ့ရင် အဆင်သင့်ဖြစ်အောင်လို့ပါ..။



ဒါလေးကတော့ AutoCAD 2002 ရဲ့ အသုံးပြုနည်း စာအုပ်လေးပါ လိုရမယ်ရ တစ်ခါထဲ တင်ထားလိုက်ပါတယ်..။

AutoCAD 2002 အသုံးပြုနည်း

Adobe photoshop cs 1, cs 2, cs 3, cs 4, cs 5 protable



Adobe photoshop protable  1,2, 3, 4, 5,  ဆော့ဝဲလ် တွေပါ  အင်းစတောလုပ်စရာမလိုပဲတာတိုက်အသုံးပြုလို့ရအောင်စုစည်းတင်ထားပေးပါတယ်...။


Ref:http://yangetharlay.blogspot.com

Speed Connect Internet Accelerator 8.0 ( Just Double Click )



 

သူ့ကိုတော့ အားလုံးသိကြမှာပါ Internet speed ကို မြန်စေတဲ့ Speed Connect Internet Accelerator version 8.0 လေးပါ

 ဘာ Key မှထည့်ပေးစရာမလိုပါဘူး.. ( Just Double Click ) လေးတွေ့လို့ တင်ပေးလိုက်တာပါ

သုံးကြည့်ချင်တယ်ဆိုရင် 

ဒီမှာဒေါင်းယူနိုင်ပါတယ်

အားလုံးအောင်မြင်ပျော်ရွှင်ကြပါစေ...။

ဝင်းကမ္ဘာကျော်

Monday, 9 January 2012

hj-split ဖိုင်ခွဲ-ဖိုင်ဆက်



ဒီဆော့ဝဲလ် လေးကတော့ အင်တာနက်ထဲမှာ Part 1, Part 2, Part 3 စသည်ဖြင့်ခွဲထားတဲ့ ဖိုင်တွေကို ခွဲတာ ပြန်ဆက်တာ လုပ်ပေးပါတယ်..သူရဲမူရင်း Website ကတော့ http://www.hjsplit.org ပါ....
လိုအပ်နေတယ်ဆိုရင်တော့

gmail acc ဖောက်နည်းအသစ်

ကျွန်တော်လည်း စာရေးတဲ့ ဖက်ကို မလှည့်ဖြစ်တာ တော်တော်ကြာသွားပါပြီ .. ဒီနေ့တော့ ကျွန်တော် G-Mail အကောင့်ကို ဘာကုဒ်မှ ထည့်စရာမလိုပဲ အလွယ်တကူ ဖောက်လို့ရမဲ့ နည်းလမ်းလေးကို ရေးပေးပါမယ် .. နောက်ပိုင်းတော့ အတက်နိုင်ဆုံး အားလုံးအတွက် အသုံးဝင်မဲ့ ပိုစ်တွေ ရေးပေးသွားနိုင်အောင်လည်း ကြိုးစားသွားပါမယ် .. အခုအကောင့် ဖောက်နည်းက အရင်တုန်းက G-Mail အကောင့် ဖောက်ရတာထက် လွယ်ပါတယ် .. ပုံစံလေးတော့ နည်းနည်း ပြောင်းသွားပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာ တစ်ဆင့်ချင်း ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..


အရင်ဆုံး အကောင့်တစ်ခု ဖောက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ဖို့အတွက် ကျွန်တော် အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ ..
အပေါ်က လင့်အတွင်း သွားပြီးပြီး ဆိုရင်တော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားသလို အဆင့်ဆင့် သွားပြီး အလွယ်တကူ လုပ်ယုံပါပဲ ..
ကျွန်တော် အောက်မှာ နမူနာ ပုံစံ ဖြည့်ပြထားပါတယ် .. ဖြည့်ပြီး သွားပြီဆိုရင်တော့ Next Step ပေးလိုက်ပါ  ..
အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Get started ကိုဆက်ပြီး နှိပ်လိုက်ပါ ..
အောက်ကပုံအတိုင်း G00gle Home Page ကိုရောက်သွားပြီ ဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း G-Mail ကို Click ပေးလိုက်ပါ ..
အောက် ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်  Continue tore new look ကို ဆက်ပြီး Click ပေးလိုက်ပါ ..
ဒါဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့် တစ်ခုကို လွယ်လွယ် ကူကူနဲ့ ဖောက်လို့ ရသွားပါလိမ့်မယ် ..
မူရင်း...နေမင်းမောင်

Share

Twitter Delicious Facebook Digg Stumbleupon Favorites More