ယထာ အာရောဂျ ၊ ယောဗ္ဗနံ ဗျာဓိ ဇရာ ပရောသိတံ ။ ဧ၀ံ ဟိ ဇိဝိတံ သဗ္ဗံ ၊ မရဏပ္ပရိယောသိတံ ။

Wednesday 23 November 2011

USB ဖြင့် Window ထည့်သွင်းရာတွင် Boot မလည်အောင်လုပ်နည်း

USB ဖြင့် Window ထည့်သွင်းရာတွင် Boot လည်ဖူးသောပုဂ္ဂိုလ်များအနေနဲ့ ဒီတော့ပစ်ကိုဖတ်လိုက်တာနဲ့သိပါ လိမ့်မယ်။ USB နဲ့ Window မတင်ဖူးသောပုဂ္ဂိုလ်များအတွက်တော့ ဗဟုသုတအသစ်တစ်ခုတာပေါ့ဗျာ။ အားလုံး သိပြီးသားပါ။ Window အသစ်ထည့်သွင်းတာဖြစ်ဖြစ်၊ ပြန်ပြီး Reinstall လုပ်တာဖြစ်ဖြစ် CD/DVD Drive နဲ့ အ သုံးပြုတာရှိသလို USB နဲ့လည်း အသုံးပြုပြီး ၀င်းဒိုးထည့်သွင်းကြပါတယ်။

အဲဒီနှစ်မျိုးတွင် CD/DVD Drive ကိုအသုံးပြုပြီး Window ထည့်သွင်းတာက အလွယ်ဆုံးနည်းလို့ပြောရမှာပါ။ အဲ ဒီနည်းနဲ့အကျွမ်းတ၀င်ရှိပြီးကာမှ USB ကို အသုံးပြုပြီး Window ထည့်သွင်းဖို့ထပ်မံကြိုးစားကြတာများပါတယ်။ ကျနော်လဲ ဒီအတိုင်းပဲဝင်းဒိုးထည့်သွင်းတာအဆင့်ဆင့်လုပ်ဆောင်ခြင့်ဖြင့် အတွေ့အကြုံကောင်းတစ်ချို့ကိုရရှိ ခဲ့ပါတယ်။ ကျနော် ပထမကြိမ် Window ကို USB နဲ့ ထည့်သွင်းတဲ့အခါတုန်းက ဒီ Boot လည်တဲ့ပြဿနာဟာ ချွှေးပြန်တဲ့အထိဖြစ်ခဲ့ဖူးပါတယ်။ စဉ်းစားရင်းနဲ့အဖြေပေါ်ခဲ့တယ်လို့ဆိုကြပါစို့။ နောက်ပြီး ကျနော် စက်သုံးလေး လုံးလောက်လုပ်ခဲ့ပြီးမှ သူငယ်ချင်းတွေကို ပြန်လည်ဖေါက်သည်ချနိုင်တာ။ ဒါပေမယ့်…ကျနော်သိခဲ့တဲ့အဖြေ ထက်တစ်ခြားဖြေရှင်းချက်ကောင်းများလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ နောက်ပြီး Boot Menu မှာ ကျနော်အ ကျွမ်းတ၀င်မရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဘာဖြစ်ဖြစ် ကျနော်ရရှိခဲ့တဲ့ဖြေရှင်းချက်သည်လည်း ”USB ဖြင့် Window ထည့်သွင်းရာတွင် Boot မလည် အောင်”လုပ်တဲ့နေရာမှာ ဖြေရှင်းချက်ကောင်းတစ်ခုအပါအ၀င်ဖြစ်ပါလိမ့်မယ်။

ဖြေရှင်းနည်း….

Window Install ထည့်သွင်းရာတွင် သိပြီးသားအတိုင်း…အတိုချုံးကိုပဲပြောမယ်။ မိမိကီးဘုတ်ပေါ်က အက္ခရာ အစဉ်လိုက်Boot ထဲကိုဝင်မယ်။ အောက်ကနှစ်မျိုးတွင် တစ်မျိုးမျိုးနဲ့တင်မယ်ပေါ့ဗျာ…
(၁) CD/DVD Drive နဲ့အသုံးပြုရင် Boot Menu တွင် First Boot မှာ CD/DVD Drive ကိုရွေးမည်။
(၂) USB Port နဲ့အသုံးပြုရင် Boot Menu တွင် First Boot မှာ USB အမျိုးအစားကိုရွေးမည်။

ကဲ…ဒီနေရာမှာ USB အတွက်အဓိကပြောတယ်ဆိုတော့ အပိုင်း(၂)ကိုရွေးလိုက်တယ်နော်။ ထည့်သွင်းလိုက်ပြီး ဆိုကြပါစို့။ ပါတေးရှင်းအပိုင်းရောက်ရင် ပါတေးရှင်း edit လုပ်တယ်။ ကဲ.ပြီးတော့ Partition 2 ကိုရွေးပြီး Next ကိုပဲဆက်နှိပ်လိုက်ပေါ့ဗျာ။ Next ကိုနှိပ်လိုက်တာနဲ့ Window အင်စတောထည့်သွင်းတဲ့ Processing တွေ့ရမှာ ဖြစ်တယ်။ ၀င်းဒိုးထည့်သွင်းစဉ်တွေ့ရမယ့်အပိုင်းမှာ…
Copying files,
Expanding files,
Installing update,
Install features,
Completing Installation ….

အောက်ပါပုံအတိုင်း...

ဆိုပြီး အပိုင်း (၅)ပိုင်းတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအပိုင်း (၅)ခုတွင် ….
Copying files,
Expanding files,
Installing update,
Install features အရောက်တွင် Restart ကျမှာဖြစ်တယ်။ အဓိကပြောရမယ့်ပြဿနာက ဒီနေရာပါပဲ။

CD/DVD Drive နဲ့အသုံးပြုပြီး ၀င်းဒိုးထည့်သွင်းရင်…
ဒီနေရာရောက်တာနဲ့ Restart ကျမယ်။ ပြီးတော့ Automatic Boot ပြန် တက်လာပြီး Completing Installation ကို ဆက်လုပ်သွားမှာဖြစ်တယ်။ ဒါက CD/DVD Drive နဲ့အသုံးပြုပြီး ၀င်းဒိုးထည့်တဲ့အပိုင်းပါပဲ။ ဒီနည်းက Boot မှာ ဘာဝင်ချိန်းစရာမှမလိုပါဘူး။

ပို့စ်တော့ပစ်ရဲ့အဓိကအဖြေ
USB နဲ့ ၀င်းဒိုးထည့်သွင်းရင်…
Copying files,
Expanding files,
Installing update,
Install features ဒီအဆင့်ရောက်ရင် ထုံးစံအတိုင်း Restart ကျမယ်။ Restart ကျတာနဲ့ မိမိကီးဘုတ်က Boot ၀င်ဖို့ ကီးတွေကိုအဆင်သင့်နှိပ်ထားလိုက်ပါ။ ပြီးတော့ Boot Menu တွင် First Boot Device နေရာတွင် USB အစား HDD ဟဒ်ဒစ်ကိုရွေးပြီး save and exit လုပ်ဖို့ F10 ကိုနှိပ်။ ဒါဆို HDD ကနေ Boot တက်ပြီး Completing Installation….အပိုင်းကို ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်။ အကယ်၍ ဒီလို Boot ၀င်မချိန်းရင် Installation အစကနေပြန်ပြီးသွားပြီး Boot လည်နိုင်တယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် အဲလို Boot မလည် အောင် Boot Menu > First Boot Device နေရာတွင် USB အစား HDD ဟဒ်ဒစ်ပြောင်းဖို့လိုကြောင်းခင်ဗျား။

စောလင်းနက်စ်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More