
ကျွန်တော်ဒီနေ့တော့ ကွန်ပျူတာကို စတင်အသုံးပြုသူတွေအတွက် Zawgyi-One Install လုပ်နည်းနဲ့ အခု
နောက်ပိုင်းပေါ်လာတဲ့ Unicode နဲ့Zawgyi-One နှစ်မျိုးလုံးကိုမိမိတို့ရဲ့ကွန်ပျူတာမှာလွယ်လွယ်ကူကူနဲ့
အသုံးပြုနိုင်စေဖို့အတွက်..ဒီပို့စ်လေးကိုရေးဖြစ်သွားတာဖြစ်ပါတယ်..Zawgyi-One ကို Install လုပ်တဲ့
အခါမှာ 32 Bits အတွက်အခက်အခဲမရှိပေမယ့် 64 Bits အတွက် Install လုပ်တဲ့အခါမှာအခက်အခဲလေး
တွေရှိတက်တာကိုတွေ့ရပါတယ်..ဒီပို့စ်လေးက စတင်လေ့လာကာစ နဲ့မသိသေးသူများ အတွက်သာရည်
ရွယ်ရေးသား တာဖြစ်တဲ့အတွက် သိပြီးသားသူများအနေနဲ့ တော့လိုအပ်လိမ့်မယ်လို့ မထင်ပါဘူး..ကျွန်တော်
တို့ Zawgyi-One ကိုအရင်ဆုံး အောက်မှာမိမိတို့အဆင်ပြေတဲ့ လင့်ကနေဒေါင်းလော့ချလိုက်ပါ..
Zawgyi-One ကို Install လုပ်နည်း

အရင်ဆုံး Zawgyi-One-20060620 ကို Install လုပ်လိုက်ပါ.. Zawgyi-One-20060620 ကို Install
လုပ်ပြီးပြီဆိုရင်တော့ Keyboard အတွက် 32 Bits ဆိုတဲ့ Folder ထဲမှာရှိတဲ့ zfk-eg-wc2 ကို Install လုပ်
ပေးလိုက်ပါ..ဒါဆိုရင် 32 Bits Users များအတွက် မိမိတို့ရဲ့ ကွန်ပျူတာမှာ Zawgyi-One ဖောင့်ကို
ကောင်းကောင်းအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်..
For 64 Bits

32 Bits အတွက် Install လုပ်ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ 64 Bits User များအတွက်
Zawgyi-One ဖောင့်ကို အသုံးပြုလို့ရအောင်ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကိုပြောပြပေးပါမယ်..တစ်ချို့
က ဒီအဆင့်လေးကိုမသိတဲ့ အတွက် Zawgyi-One ကိုသုံးလို့မရတာတွေဖြစ်တက်ပါတယ်..ဒေါင်းလော့ချ
ထားတဲ့ ဖိုဒါလေးထဲက 32Bits အတွက် Install လုပ်ပြီးသွားပြီဆိုရင်တော့ 64 Bits ဆိုတဲ့ Folder လေး
ထဲကိုသွားလိုက်ပါ..ပြီးရင်အဲ့ဒီဖိုဒါလေးထဲက install_me ဆိုတာလေးကို Install လုပ်ပေးလိုက်ပါ..ပြီးရင်
မိမိတို့ ကွန်ပျူတာကို restart ချပေးလိုက်ယုံပါပဲ..ဒါဆိုရင် 64 Bits မှာ Zawgyi-One ကိုအသုံးပြုရတာ
အဆင်ပြေသွားပါလိမ့်မယ်..
Zawgyi-One Download
Download From Ifile.it
Download From Mediafire
Zawgyi and Unicode

နောက်တစ်ခုကတော့ Unicode ရော Zawgyi-One ရော Install လုပ်ပြီးသုံးချင်သူတွေအတွက်အဆင်ပြေ
မယ့်နည်းလမ်းလေးပါ..။အပေါ်မှာရှင်းပြခဲ့သလို မိမိတို့ရဲ့ကွန်ပျူတာမှာ Zawgyi-One Font ကို Install လုပ်
ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ Unicode ကို မိမိတို့စက်မှာသွင်းဖို့အတွက် Unicode Font တွေကိုဒေါင်းလော့ချ
လိုက်ပါ..Unicode အတွက် ဖောင့်တွေကိုဒေါင်းလော့ချပြီးပြီဆိုရင်တော့ အထဲမှာပါတဲ့ mm3 , winuniiw ,
yunghkio_pop_april_22_ship စတဲ့ ဖောင့်တွေအကုန်လုံးကို Install လုပ်လိုက်ပါ.ဒါဆိုရင်မိမိတို့ရဲ့စက်မှာ
Zawgyi-One ရော Unicode ရော နှစ်မျိုးလုံးနဲ့ရေးထားတဲ့ စာတွေကိုဖတ်လို့ရသွားပါပြီ.။နောက်ထပ် Unicode
လက်ကွက်ကိုအသုံးပြုနိုင်ဖို့အတွက် မိမိတို့ရဲ့ ကွန်ပျူတာမှ KeyMagic လေးကို Install လုပ်လိုက်ပါ..ဒါဆိုရင်
ကျွန်တော်တို့ကZawgyi-One ကိုအသုံးပြုမယ် ဆိုရင် ကီးဘုတ်က Shift နဲ့ Ctrl ကိုနှိပ်ပြီးပြောင်းသုံးနိုင်သလို
Unicode လက်ကွက်ကိုသုံးမယ်ဆိုရင်လဲ Keyboard မှ Ctrl + Shift + Z ကိုနှိပ်ပြီးပြောင်း သုံးလို့ရသွားပါပြီ..။
ဒါကတော့ လက်ရှိအသုံးပြုနေကြတဲ့ Zawgyi-One နဲ့ Unicode နှစ်မျိုးလုံးကိုမိမိတို့ရဲ့ ကွန်ပျုတာမှာ လွယ်လွယ်
ကူကူနဲ့ အသုံးပြုနိုင် ဖို့အတွက် ကျွန်တော်သိသလောက်ပြန်ပြီးတော့မျှဝေပေးခြင်းသား ဖြစ်ပါတယ်..
Unicode Fonts Download
Download From IFile.it
Download From Mediafire
KeyMagic Download
Download From Ifile.it
Download From Mediafire
အားလုံးပဲအဆင်ပြေကြပါစေ. နေမင်းမောင်
0 comments:
Post a Comment