ယထာ အာရောဂျ ၊ ယောဗ္ဗနံ ဗျာဓိ ဇရာ ပရောသိတံ ။ ဧ၀ံ ဟိ ဇိဝိတံ သဗ္ဗံ ၊ မရဏပ္ပရိယောသိတံ ။
Monday, 30 April 2012
Mavis Beacon Teaches Typing Platinum 20 (အကောင့်းဆုံး typing software)
တကမ္ဘာလုံးက typing tutor (လက်ကွက်လေ့ကျင့်သည့် software) တွေအားလုံး ထဲမှာဆိုရင် ရွှေတံဆိပ်ဆုရရှိထားတဲ့ software ဖြစ်သလို သင်တန်းတိုင်းမှာလည်းပဲ လက်လွှတ်လို့ကို မရတဲ့ လက်ကွက်လေ့ကျင့်ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ software ဖြစ်ပါတယ်. အထဲမှာ ပါတဲ့ step by step တစ်ဆင့်ချင်းဆီကို လက်ကွက်ရဲ့ လက်မြန်နှုန်းထားကို လိုက်ပြီးတော့မှ ချိန်ပြီးတော့ မြင့်သွားတာဖြစ်ပါတယ်. ပြီးတော့ အဆင့်ချင်းတိုင်းဟာလည်းပဲ တကယ့်ကို စနစ်တကျနိုင်လွန်းပါတယ်. လက်ကွက်ပုံစံနှင့် လက်ထားရမည့်ပုံစံကိုပါ ပါရှိပါတယ်. Download လုပ်ချင်သူများ အောက်မှာ ယူလိုက်ပါ. အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်. ကွန်ပျူတာကို typing tutor ဖြင့် စနစ်တကျ လေ့ကျင့်ထားတဲ့သူနဲ့ ကိုယ့်ဟာကို လေ့ကျင့်တဲ့သူရဲ့လက်နဲ့ မတူပါဘူး. မြန်ဆန်တာချင်းလည်း မတူပါဘူး. ကျွန်တော်နဲ့ အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ graphic desinger ပိုင်းက charli ဆိုရင် လက်ညိုးနှစ်ချောင်းတည်းနဲ့ ရိုက်တာပါ. အင်္ဂလန်နိုင်ငံသားပါ။ အဲ့ဒါဟာ အပြစ်ပြောတာ မဟုတ်ပါဘူး. စနစ်တကျ မသင်ခဲ့လို့ဆိုတာကို ညွှန်းပြတာဖြစ်ပါတယ်. ဆိုက်ကတော့ 100 MB ကျော်ပဲရှိပါတယ်. ဒါပေမယ့် download လုပ်ရတာ မြန်မာပြည်က သူတွေအတွက် အဆင်မပြေမှာ စိုးတာကြောင့် 50 MB စီခွဲထားပါတယ်.
Minus
Part1 | Part2 | Part3
Mediafire
Part1 | Part2 | Part3
Ifile
Part1 | Part2 | Part3
                 source:  nyinaymin
Wednesday, 11 April 2012
GiliSoft File Lock Pro 6.3 (သူများ မမြင်စေချင် မသိစေချင်တဲ့ Folder , Data တွေကို ဖျောက်ထားချင်ရင်)
မိမိ ကွန်ပြူတာထဲက အရေးကြီးတဲ့ ဖိုင်တွေ Data တွေကို Password ပေးပြီး သူများမမြင်အောင် မသိအောင် Lock ချထားပေးတဲ့ ဆော့ဝဲလ် လေးပါ ...။ Folder Lock အကြောင်းကို C-box မှာ သူငယ်ချင်း တစ်ယောက် လာပြောဖူးပါတယ် အသုံးပြုပုံလေးပါ သိချင်ပါတယ်တဲ့....  ဒါနဲ့ ကျနော်လည်း Folder Lock ဆော့ဝဲလ် တွေ တမျိုးပြီး တမျိုး ဒေါင်းယူ စမ်းကြည့်တာ တခုမှ အဆင်မပြေလို့ တင်မပေးဖြစ်တာပါ..:)
ဒီနေ့တော့ ကျနော် လဲ လိုအပ်လို့ မွှေနှောက် ရှာဖွေ ပြီး စမ်းကြည့်တော့ လွယ်ကူ အဆင်ပြေတာလေးမို့ ပြန်လည်မျှဝေလိုက်ပါတယ်....ဖိုင်ဆိုက်ဒ်လေးကလဲ သေးသေးလေးပါ 3.23Mb ပဲရှိပါတယ်။ အသုံးပြုပုံလည်း ရှင်းပြစရာ မလိုလောက်အောင် အရမ်းရိုးရှင်းပါတယ် ...။ 
 ဒေါင်းလို့ ရလာတဲ့  File Lock Pro 6.3 .rar ဖိုင်လေးကို Extract လုပ်ပြီးရင် Setup ဖိုင်လေးကို Double Click ပြီး Install ပါ .. သူများ မမြင်စေချင် မသိစေချင်တဲ့ ဖိုင် တွေ Lock / Unlock လုပ်ဖို့ Password တွေကို Install လုပ်ရင်း တခါတည်း ထည့်ပေးရမှာပါ ... Full Version အဖြစ် အမြဲတမ်းသုံးနိုင်ဖို့ Patch ကိုတော့ သုံးတတ်ကြမယ်ထင်ပါတယ်..။ အသုံးပြုပုံလေးကတော့ အောက်ကပုံလေးကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ..။
နံပါတ် 3 က Box လေးမှာ အမှန်ခြစ် လေး ပေးပြီး အောက်က Lock / Unlock လုပ်ပေးရမှာပါ ..။ Lock လုပ်ထားတဲ့ Folder ကို ပြန် ဖွင့်ချင်ရင်တော့ File Lock Pro 6.3 ဆော့ဝဲလ် ကို ဖွင့်ပြီး ပေးထားတဲ့ Password တွေ ထည့်ပေးကာ ပြန်ဖွင့်ချင်တဲ့ Folder ကို အမှန်ခြစ် လေး ပေးပြီး Unlock လေးနှိပ်ပေးရုံပါဘဲ...။ 
ဒါကတော့ Folder တွေ Lock ချတာလေးဘဲ ရှင်းပြနိုင်တာပါ တခြား Function တွေ ပါဝင်ပါသေးတယ် ကျန်တဲ့ Function တွေကိုတော့ ကိုယ့်ဘာသာကိုယ် ကလိကြည့်ရင် သိလာမှာပါ..။
အခြား ပါဝင်တဲ့ Features တွေကတော့ ......
GiliSoft File Lock Pro is a power file encryption software program that can quickly and safely lock and hide files, folder,and drives,and it can use 256-bit AES encryption (Encryption Standard Adopted by the US Government) to protect your files located on HDD drive or any portable media such as USB drives.
Features and Benefits:
• Hide Data :
GiliSoft File Lock Pro can hide your private files folders and drives, to make them completely invisible to users and programs.
• Lock Data :
The locked files/folders/drives are protected from accessing, users can not open, read, modify, move, delete, copy, rename the protected files/folders without password. Files and sub-folders in a locked folder are also protected.
•Encrypt Data :
It can encrypt files and folders of any type.
•Portable Encryption :
It packs and encrypts a folder into an executable (.exe file) with AES encryption algorithm. You can encrypt important data by this method, and then send it over the network or by other means to be used on a machine without Gili File Lock Pro.
• Safe Delete :
GiliSoft File Lock Pro allows you to completely remove sensitive data from your hard drive by overwriting it several times with carefully selected patterns.No one can recover deleted data from your disk if you secure delete it.
• Password Protected:
GiliSoft File Lock Pro is a password-locked software,that is to say,there’s no other way to run or unstall it if you have not the password.
• Hardware Compatible
Fully support Intel® Pentium D Dual-Core Processor and AMD Athlon™ 64X2 Dual-CoreProcessor
ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)
Thursday, 5 April 2012
AUTO username and password ပြဿနာဖြေရှင်းနည်း
For Internet Explorer:
  1. Click the Tools menu at the top of your browser, and select Internet Options.
  2. Open the Content tab at the top of the dialogue box.
  3. Click AutoComplete, then Settings button, and uncheck the User names and passwords on forms and Prompt me to save passwords boxes.
  4. Click OK.
For Firefox:
  1. Click the Tools menu at the top of your browser, and select Options.
  2. Select the Security tab.
  3. Uncheck the option Remember passwords for sites.
  4. Press OK.
For Google Chrome:
  1. Click the Tools menu .
  2. Select Clear browsing data.
  3. Select Empty the cache and Delete cookies.
  4. Click Clear browsing data.
မိတ်ဆွေများအားလုံး အကောင့်ပျောက်ဆုံးခြင်းမှ ကင်းဝေးနိုင်ကြပါစေ.
ကျေးဇူးတင်ပါတယ်... နေမင်းခောတ်
part1.rar, .part2.rar ဖိုင်တွေ ခွဲနည်း ၊ ပေါင်းနည်း
အရင်ဆုံး .part1.rar, .part2.rar စတဲ့ အပိုင်းခွဲနည်းကိုဆွေးနွေးပါမယ်..
step{ 1 } desktop ပေါ်မှာ folder တစ်ခုထုတ်လိုက်ပါ.
step{ 2 } အဲဒီ folder ကိုဖွင့်ပြီး  မိမိခွဲမည့် name.exe program ကိုထည့်လိုက်ပါ။
step{ 3 } name.exe program ပေါ် မှာ Right Click \ Add to Archive... ကို click လိုက်ပါ။
step{ 4 } Archive name and parameters box ပေါ်လာရင်အောက်ကကျနော်ဝိုင်းပေးထားတဲ့နေရာမှာ မိမိ ခွဲချင်တဲ့ .exe ရဲ့ ဆိုဒ်အလိုက် တန်ဖိုးထည့်ပေးရပါမယ်. ( ဥပမာ...အခု ကျနော်က Firefox Setup 9.0.1.exe ကို ခွဲပြမှာဆိုတော့ သူ့ ဆိုဒ်က 14.5 MB ရှိတဲ့အတွက်  5 MB ဆိုပြီး တန်ဖိုးရေးပေးပါမယ်.) အောက်ပုံ -
step{ 5 } အခုဆိုရင် မိမိခွဲချင်တဲ့ Firefox Setup 9.0.1.exe ကို  .part1.rar, .part2.rar ,.part3.rar, .part4.rar ဆိုပြီး  .rar ဖိုင် အဖြစ်ခွဲထားလိုက်ပြီးဖြစ်ပါတယ်. အောက်ပုံ -
အခုထပ်ပြီးဆွေးနွေးမှာက အထက်မှာကျနော်ခွဲပေးခဲ့ပြီးဖြစ်တဲ့ .part1.rar, .part2.rar စတဲ့ ဖိုင်တွေကို မည်သည့်နေရာကဘဲ ရသည်ဖြစ်စေ မူလ Setup.exe software file ကိုရရှိအောင်ပြုလုပ်တဲ့ နည်းဖြစ်ပါတယ်. ( ဥပမာ. အပေါ်က ကျနော် ခွဲထားခဲ့တဲ့ .rar ဖိုင် တွေကို မူလ Firefox Setup 9.0.1.exe အတိုင်း ပြန်ရအောင် ပေါင်းပေးပါမယ် ).
step{ 1 } မိမိတို့ မှာရှိနေတဲ့ အပိုင်းအပိုင်းဖြစ်နေတဲ့ .rar ဖိုင်တွေကို folder တစ်ခုထဲမှာထားလိုက်ပါ.ပြီး ရင် အောက်ကပုံလေးအတိုင်း name.part1.rar ပေါ်မှာ Right Click \ Extract here ကို Click လိုက်ပါ။
step{ 2 } အခုဆိုရင် မိမိတို့ ရဲ့ အပိုင်းပိုင်းဖြစ်နေတဲ့ .part1.rar, .part2.rar စတဲ့ ဖိုင်တွေကို ပြန်လည်ပေါင်းစည်းခဲ့ပြီးဖြစ်ပါတယ်. အောက်ပုံ -
 ဒီလောက်ဆိုရင် ဘလော့မိတ်ဆွေများ နားလည်သဘောပေါက်မယ်ထင်ပါတယ်.
ကျေးဇူးတင်ပါတယ်...  မူရင်း..နေမင်းခောတ်
Windows 8 Consumer Preview ကို Virtual Box ထဲမှာ စမ်းပြီး သုံးကြည့်ရအောင်
ကျွန်တော် အခု  Windows 8 Consumer Preview ကိုစမ်းပြီး အသုံးပြုချင်သူများ အတွက် Virtual Box ပေါ်မှာ တင်ပြီးတော့ စမ်းသပ် အသုံးပြုလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. ကျွန်တော် အရင်က လည်း မြန်မာ ၀င်းဒိုးကို Virtual Box ပေါ်မှာ တင်ပြီး အသုံးပြုနည်း ဆိုပြီး ရေးပေးခဲ့ဖူးပါတယ် .. အခု ကျွန်တော် Virtual Box Install လုပ်ပုံကအစ တစ်ဆင့်ချင်း ရေးပေးသွားပါမယ် .. မသိသေးတဲ့ သူများပါ စမ်းသုံးကြည့်ချင်ရင် အဆင်ပြေပြေ လုပ်တက်သွား စေချင်လို့ပါ .. 
အရင်ဆုံး  Virtual Box ကိုတော့ သူရဲ့ မူရင်း ဆိုဒ်မှာ သွားပြီး ဒေါင်းလော့ ချရင်လည်း ရပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာလည်း တင်ပေးထားပါတယ် .. 
အပေါ်မှာ ပေးထားတဲ့ လင့်တွေကနေ Virtual Box ကို ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ မိမိတို့စက်မှာ Install လုပ်ပေးလိုက်ပါ .. ကျွန်တော် အောက်မှာ Virtual Box Install လုပ်ပုံ အဆင့်ဆင့်ကို ပုံးလေးနဲ့ ပြပေးထားပါတယ် ..
အပေါ်က အဆင့်တွေ အတိုင်း Virtual Box ကို မိမိတို့ ကွန်ပျူတာမှာ Install လုပ်ပြီး သွားပြီ ဆိုရင်တော့ Windows 8 Consumer Preview  ကို အောက်က လင့်မှာ တင်ပေးထားတာ ရှိပါတယ် သွားပြီးတော့ ဒေါင်းလော့ ချလိုက်ပါ ..
http://www.nayminmaung.info/windows-8-consumer-preview
Windows 8 Consumer Perview  ကို ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့  Virtual Box မှာ အသုံးပြုနိုင်ဖို့ အတွက် စပြီး ပြင်ဆင်ပါမယ် ..
အရင်ဆုံး မိမိတို့ စက်မှာ Virtual Box ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း New ကိုနှိပ်လိုက်ပါ ..
အပေါ်က ပုံအတိုင်း  New  ကိုနှိပ်ပြီး သွားပြီ ဆိုရင်တော့ နောက်တစ်ဆင့် အောက်မှာ ပြထားတဲ့ ပုံလေးတွေ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ ..
 အောက် ပုံမှာ ပြထားတဲ့ အဆင့်မှာတော့ ကျွန်တော်တို့ အနေနဲ့ Virtual Box မှာ တင်ပြီး အသုံးပြုချင်တဲ့  OS အမျိုး အစားကို ရွေးချယ်လိုက်ပါ ..
အောက်မှာ ပြထားတဲ့ Name မှာ မိမိတို့ ပေးချင်တဲ့ အမည် တစ်ခု ပေးလိုက်ပါ .. ကျွန်တော်က  Windows 8 လို့ ပေးလိုက်ပါတယ် .. ပြီးရင်တော့  Next  ကိုပေးလိုက်ပါ ...
အောက်က ပုံမှာ ပြထားတဲ့ အဆင့်မှာတော့ မိမိတို့ အသုံးပြုချင်တဲ့ Memory ပမာဏကို သတ်မှတ်လို့ ရပါတယ် .. ကျွန်တော်ကတော့ မူရင်း အတိုင်းပဲ  Next ပေးလိုက်ပါတယ် ..
အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့  Windows 8 Consumer Preview  ကို တင်ပြီး အသုံးပြုချင်တဲ့ Partation  ကိုရွေးပေး ရမှာ ဖြစ်ပါတယ် ..
ကျွန်တော်ကတော့ အောက်က ပုံမှာ ပြထားတဲ့ အတိုင်း လွတ်နေတဲ့ Partation အလွတ်ကို ရွေးလိုက်ပါတယ် ..
ပြီးရင်တော့ အောက်ကပုံအတိုင်း  Save ပေးလိုက်ပါ ..
Save ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံအတိုင်း ပေးလာ ပါလိမ့်မယ် .. Next ဆက်ပေးလိုက်ပါ .. ကျွန်တော် တို့ တင်လိုက်တဲ့  Windows 8 Consumer နဲ့ပါတ်သတ်တဲ့ ဖိုင်တွေက အဲ့ဒီ Partation ထဲမှာ ရောက်သွားမှာ ဖြစ်ပါတယ် ..
အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Create ပေးလိုက်ပါ  .. ဒါဆိုရင် Windows 8 Consumer Preview ကို အသုံးပြုဖို့ အတွက် Box တစ်ခု ဖန်တီး ပြီးသွားပြီ ဖြစ်ပါတယ် ..
အောက်က ပုံအတိုင်း  Start ကိုနှိပ်လိုက်ပါ ..  
အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ကျွန်တော် တို့ အနေနဲ့ အခု  Virtual Box မှာ တင်ပြီး အသုံးပြုမဲ့  Windows Consumer ISO File ကို ရွေးပေးရမှာ ဖြစ်ပါတယ် .. ပုံမှာ ပြထားတဲ့ အတိုင်း သွားလိုက်ပါ .. 
အောက်က ပုံအတိုင်း မိမိတို့ တင်မဲ့ Windows 8 Consumer ISO လေးကို ရွေးလိုက်ပါ ..
အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင် Next ကို ဆက်သွားလိုက်ပါ ..
အောက်က ပုံအတိုင်း Start ကိုနှိပ်လိုက်ပါ ..
ဒါဆိုရင်တော့ Windows 8 Consumer Preview ကို စပြီး Install လုပ်လို့ ရသွားပါပြီ ..
 အောက်က ပုံအတိုင်း ကျွန်တော်တို့ Language ရွေးပေးပြီး Next ကို ပေးလိုက်ပါ ..
အောက်က ပုံအတိုင်း စပြီးတော့ Install လုပ်ပေးလိုက်ပါ ..
အောက်က ပုံမှာတော့ ကျွန်တော်  Windows  Consumer  Preview ISO မှာ တင်ပေးတုန်းက ပေးထားတဲ့ Key  လေးကို ထည့်ပေးပါ .. ပြီးရင်  Next  ကိုပေးလိုက်ပါ ..
အောက်က အဆင့်တွေကတော့ ကျွန်တော်တို့ Windows 7 တင်တဲ့ ပုံစံ အတိုင်းပါပဲ .. ကျွန်တော် ပုံလေးတွေနဲ့ အဆင့်ဆင့် ပြပေးထားပါတယ် ..
 ဒီအဆင့်မှာတော့ ကျွန်တော်တို့က Use Express Setting နဲ့  Customize ဆိုပြီး ရွေးချယ်လို့ရမှာ ဖြစ်ပါတယ် .. ကျွန်တော်ကတော့ Setting တွေ မပြင်ချင်တော့လိုက Use Express Setting ကိုပဲ ရွေးချယ်လိုက်ပါတယ် ..
 အောက်က အဆင့်မှာ မိမိတို့ လိပ်စာ ထည့်ပေးလိုက်ပါ ..
ဒီအဆင့်မှာ တစ်ခု သတိထားရမှာက Microsoft  ကနေ သူတို့ ရဲ့ Windows Version ကို Security ပိုင်း ပိုပြီးတော့ တိုးမြှင့်ပြီး ဆောင်ရွက်ထားတာ တွေ့ရပါတယ် .. ။ ဒီမှာ ပေးခဲ့တဲ့ အီးမေးလ်နဲ့ ပါတ်ဝက်စ် ကိုသေချာ မှတ်ထားပေးပါ .. ဒါမှသာ နောက်ပိုင်း  Windows ကိုပြန်ဖွင့်ပြီး သုံးချင်တယ် ဆိုရင် ဒီပါတ်ဝက်စ် ကို ရိုက်ထည့်ပြီး ၀င်ရောက်ရမှာ ဖြစ်ပါတယ် .. 
အပေါ်က ပုံနှင့် အောက်က ပုံမှာ ပြထားတဲ့ အချက် အလက်လေး တွေကို ဖြည့်ပေးပါ .. ပြီးရင် Next ပေးလိုက်ပါ .. 
ဒါဆိုရင် Welocome Screen ကို စပြီး မြင်တွေ့ရပါပြီ ..
ဒါကတော့  Windows 8 Consumer Preview ရဲ့ Start Screen မြင်ကွင်းပါ .. အောက်မှာ ကျွန်တော် သူရဲ့ ပုံစံလေးတွေကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. 
ဒီနေရာမှာ ဆက်ပြီး ကျွန်တော် ရေးပေးချင်တာလေးက  ကျွန်တော်တို့ အနေနဲ့ အခုတင်ထားတဲ့  Windows 8 Consumer Preview  လေးကို  Virtual Box  ထဲမှာ ထည့်ပြီး မသုံချင်တော့ဘူး ဆိုရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Windows 8  ပေါ်မှာ  Right Click ထောက်ပြီး  Remove လုပ်ပေးလိုက်ယုံပါပဲ .. ဒါဆိုရင်တော့  အဆင်ပြေသွားပါလိမ့်မယ် ..
ဒီပို့စ်လေးကို  PDF ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ဒေါင်းလော့ ချသွားလိုက်ပါ ..
Download  Ifile.it  ၊  Download  Mediafire  ၊  Download  Sharebeast 
 အားလုံးပဲ အဆင်ပြေကြပါစေ ..  မူရင်း..နေမင်းမောင်
Share
Twitter Delicious Facebook Digg Stumbleupon Favorites More