ယထာ အာရောဂျ ၊ ယောဗ္ဗနံ ဗျာဓိ ဇရာ ပရောသိတံ ။ ဧ၀ံ ဟိ ဇိဝိတံ သဗ္ဗံ ၊ မရဏပ္ပရိယောသိတံ ။

Thursday 5 April 2012

Windows 8 Consumer Preview ကို Virtual Box ထဲမှာ စမ်းပြီး သုံးကြည့်ရအောင်


ကျွန်တော် အခု  Windows 8 Consumer Preview ကိုစမ်းပြီး အသုံးပြုချင်သူများ အတွက် Virtual Box ပေါ်မှာ တင်ပြီးတော့ စမ်းသပ် အသုံးပြုလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. ကျွန်တော် အရင်က လည်း မြန်မာ ၀င်းဒိုးကို Virtual Box ပေါ်မှာ တင်ပြီး အသုံးပြုနည်း ဆိုပြီး ရေးပေးခဲ့ဖူးပါတယ် .. အခု ကျွန်တော် Virtual Box Install လုပ်ပုံကအစ တစ်ဆင့်ချင်း ရေးပေးသွားပါမယ် .. မသိသေးတဲ့ သူများပါ စမ်းသုံးကြည့်ချင်ရင် အဆင်ပြေပြေ လုပ်တက်သွား စေချင်လို့ပါ .. 

အရင်ဆုံး  Virtual Box ကိုတော့ သူရဲ့ မူရင်း ဆိုဒ်မှာ သွားပြီး ဒေါင်းလော့ ချရင်လည်း ရပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာလည်း တင်ပေးထားပါတယ် .. 


အပေါ်မှာ ပေးထားတဲ့ လင့်တွေကနေ Virtual Box ကို ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ မိမိတို့စက်မှာ Install လုပ်ပေးလိုက်ပါ .. ကျွန်တော် အောက်မှာ Virtual Box Install လုပ်ပုံ အဆင့်ဆင့်ကို ပုံးလေးနဲ့ ပြပေးထားပါတယ် ..





















အပေါ်က အဆင့်တွေ အတိုင်း Virtual Box ကို မိမိတို့ ကွန်ပျူတာမှာ Install လုပ်ပြီး သွားပြီ ဆိုရင်တော့ Windows 8 Consumer Preview  ကို အောက်က လင့်မှာ တင်ပေးထားတာ ရှိပါတယ် သွားပြီးတော့ ဒေါင်းလော့ ချလိုက်ပါ ..

http://www.nayminmaung.info/windows-8-consumer-preview


Windows 8 Consumer Perview  ကို ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့  Virtual Box မှာ အသုံးပြုနိုင်ဖို့ အတွက် စပြီး ပြင်ဆင်ပါမယ် ..

အရင်ဆုံး မိမိတို့ စက်မှာ Virtual Box ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း New ကိုနှိပ်လိုက်ပါ ..



အပေါ်က ပုံအတိုင်း  New  ကိုနှိပ်ပြီး သွားပြီ ဆိုရင်တော့ နောက်တစ်ဆင့် အောက်မှာ ပြထားတဲ့ ပုံလေးတွေ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ ..


 အောက် ပုံမှာ ပြထားတဲ့ အဆင့်မှာတော့ ကျွန်တော်တို့ အနေနဲ့ Virtual Box မှာ တင်ပြီး အသုံးပြုချင်တဲ့  OS အမျိုး အစားကို ရွေးချယ်လိုက်ပါ ..


အောက်မှာ ပြထားတဲ့ Name မှာ မိမိတို့ ပေးချင်တဲ့ အမည် တစ်ခု ပေးလိုက်ပါ .. ကျွန်တော်က  Windows 8 လို့ ပေးလိုက်ပါတယ် .. ပြီးရင်တော့  Next  ကိုပေးလိုက်ပါ ...

အောက်က ပုံမှာ ပြထားတဲ့ အဆင့်မှာတော့ မိမိတို့ အသုံးပြုချင်တဲ့ Memory ပမာဏကို သတ်မှတ်လို့ ရပါတယ် .. ကျွန်တော်ကတော့ မူရင်း အတိုင်းပဲ  Next ပေးလိုက်ပါတယ် ..





အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့  Windows 8 Consumer Preview  ကို တင်ပြီး အသုံးပြုချင်တဲ့ Partation  ကိုရွေးပေး ရမှာ ဖြစ်ပါတယ် ..
ကျွန်တော်ကတော့ အောက်က ပုံမှာ ပြထားတဲ့ အတိုင်း လွတ်နေတဲ့ Partation အလွတ်ကို ရွေးလိုက်ပါတယ် ..


ပြီးရင်တော့ အောက်ကပုံအတိုင်း  Save ပေးလိုက်ပါ ..


Save ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံအတိုင်း ပေးလာ ပါလိမ့်မယ် .. Next ဆက်ပေးလိုက်ပါ .. ကျွန်တော် တို့ တင်လိုက်တဲ့  Windows 8 Consumer နဲ့ပါတ်သတ်တဲ့ ဖိုင်တွေက အဲ့ဒီ Partation ထဲမှာ ရောက်သွားမှာ ဖြစ်ပါတယ် ..



အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Create ပေးလိုက်ပါ  .. ဒါဆိုရင် Windows 8 Consumer Preview ကို အသုံးပြုဖို့ အတွက် Box တစ်ခု ဖန်တီး ပြီးသွားပြီ ဖြစ်ပါတယ် ..



အောက်က ပုံအတိုင်း  Start ကိုနှိပ်လိုက်ပါ ..  




အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ကျွန်တော် တို့ အနေနဲ့ အခု  Virtual Box မှာ တင်ပြီး အသုံးပြုမဲ့  Windows Consumer ISO File ကို ရွေးပေးရမှာ ဖြစ်ပါတယ် .. ပုံမှာ ပြထားတဲ့ အတိုင်း သွားလိုက်ပါ .. 

အောက်က ပုံအတိုင်း မိမိတို့ တင်မဲ့ Windows 8 Consumer ISO လေးကို ရွေးလိုက်ပါ ..

အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင် Next ကို ဆက်သွားလိုက်ပါ ..

အောက်က ပုံအတိုင်း Start ကိုနှိပ်လိုက်ပါ ..

ဒါဆိုရင်တော့ Windows 8 Consumer Preview ကို စပြီး Install လုပ်လို့ ရသွားပါပြီ ..






 အောက်က ပုံအတိုင်း ကျွန်တော်တို့ Language ရွေးပေးပြီး Next ကို ပေးလိုက်ပါ ..



အောက်က ပုံအတိုင်း စပြီးတော့ Install လုပ်ပေးလိုက်ပါ ..




အောက်က ပုံမှာတော့ ကျွန်တော်  Windows  Consumer  Preview ISO မှာ တင်ပေးတုန်းက ပေးထားတဲ့ Key  လေးကို ထည့်ပေးပါ .. ပြီးရင်  Next  ကိုပေးလိုက်ပါ ..

အောက်က အဆင့်တွေကတော့ ကျွန်တော်တို့ Windows 7 တင်တဲ့ ပုံစံ အတိုင်းပါပဲ .. ကျွန်တော် ပုံလေးတွေနဲ့ အဆင့်ဆင့် ပြပေးထားပါတယ် ..








 ဒီအဆင့်မှာတော့ ကျွန်တော်တို့က Use Express Setting နဲ့  Customize ဆိုပြီး ရွေးချယ်လို့ရမှာ ဖြစ်ပါတယ် .. ကျွန်တော်ကတော့ Setting တွေ မပြင်ချင်တော့လိုက Use Express Setting ကိုပဲ ရွေးချယ်လိုက်ပါတယ် ..


 အောက်က အဆင့်မှာ မိမိတို့ လိပ်စာ ထည့်ပေးလိုက်ပါ ..



ဒီအဆင့်မှာ တစ်ခု သတိထားရမှာက Microsoft  ကနေ သူတို့ ရဲ့ Windows Version ကို Security ပိုင်း ပိုပြီးတော့ တိုးမြှင့်ပြီး ဆောင်ရွက်ထားတာ တွေ့ရပါတယ် .. ။ ဒီမှာ ပေးခဲ့တဲ့ အီးမေးလ်နဲ့ ပါတ်ဝက်စ် ကိုသေချာ မှတ်ထားပေးပါ .. ဒါမှသာ နောက်ပိုင်း  Windows ကိုပြန်ဖွင့်ပြီး သုံးချင်တယ် ဆိုရင် ဒီပါတ်ဝက်စ် ကို ရိုက်ထည့်ပြီး ၀င်ရောက်ရမှာ ဖြစ်ပါတယ် .. 



အပေါ်က ပုံနှင့် အောက်က ပုံမှာ ပြထားတဲ့ အချက် အလက်လေး တွေကို ဖြည့်ပေးပါ .. ပြီးရင် Next ပေးလိုက်ပါ .. 






ဒါဆိုရင် Welocome Screen ကို စပြီး မြင်တွေ့ရပါပြီ ..




ဒါကတော့  Windows 8 Consumer Preview ရဲ့ Start Screen မြင်ကွင်းပါ .. အောက်မှာ ကျွန်တော် သူရဲ့ ပုံစံလေးတွေကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. 







ဒီနေရာမှာ ဆက်ပြီး ကျွန်တော် ရေးပေးချင်တာလေးက  ကျွန်တော်တို့ အနေနဲ့ အခုတင်ထားတဲ့  Windows 8 Consumer Preview  လေးကို  Virtual Box  ထဲမှာ ထည့်ပြီး မသုံချင်တော့ဘူး ဆိုရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Windows 8  ပေါ်မှာ  Right Click ထောက်ပြီး  Remove လုပ်ပေးလိုက်ယုံပါပဲ .. ဒါဆိုရင်တော့  အဆင်ပြေသွားပါလိမ့်မယ် ..

 
ဒီပို့စ်လေးကို  PDF ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Download  Ifile.it  ၊  Download  Mediafire  ၊  Download  Sharebeast 

 အားလုံးပဲ အဆင်ပြေကြပါစေ ..  မူရင်း..နေမင်းမောင်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More